ကျွန်ုပ်တို့၏ အကြောင်း

ကုမ္ပဏီသမိုင်း

Early Dawn Microfinance Company Limited (DAWN) သည် မြန်မာနိုင်ငံရှိ တစ်နိုင်တစ်ပိုင် စွန့်ဦးတီထွင် လုပ်ငန်းရှင်များနှင့် အသေးစား စီးပွားရေးလုပ်ငန်းများကို အဓိကထား ငွေကြေးဝန်ဆောင်မှုပေးသည့် အစောဆုံး ဖွဲ့စည်း တည်ထောင်ခဲ့သော အသေးစား ငွေရေးကြေးရေးအဖွဲ့အစည်းများထဲမှ တစ်ခု ဖြစ်ပါသည်။ မူလက Save the Children International ၏ လက်အောက်ရှိ စီမံချက်တစ်ခုအနေဖြင့် ၂၀၀၂ခုနှစ်တွင် စတင်ခဲ့ပါသည်။ ၂၀၁၅ခုနှစ်တွင် Accion International, FMO (Dutch Development Bank) နှင့် Triodos Investment Management တို့သည် အကျိုးတူပူးပေါင်းပြီး DAWN တွင် ရင်းနှီးမြှုပ်နှံခဲ့ပါသည်။ မြန်မာနိုင်ငံတွင် စတင်ဖွံဖြိုးလာသော အသေးစားငွေရေးကြေးရေး အဖွဲ့အစည်းများ အတွက် စံပြအဖွဲ့အစည်းတခု အဖြစ်ရပ်တည်နိုင်ရေးနှင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး အခန်းကဏ္ဍများတွင်လည်း တစ်ဖက်တစ်လမ်းမှ ပါဝင်ဦးဆောင်နိုင်ရန် ရည်ရွယ်ချက်တို့ဖြင့် တည်ထောင်ခဲ့သည်။ ထိုအချိန်မှစ၍ DAWN သည် မြန်မာနိုင်ငံတွင် အကြီးမားဆုံး MFI များထဲမှ တစ်ခုအဖြစ် တိုးတက်အောင်မြင်ခဲ့သည်။ လက်ရှိ ဝန်ဆောင်မှုပေးလျက်ရှိသော နေရာဒေသများတွင် သာမက အသစ် သစ်သော နေရာဒေသများတွင်လည်း တီထွင်ဆန်းသစ်သည့် ပုံစံများနှင့်အတူ ငွေကြေးဝန်ဆောင်မှုများကို အဆင့်မြှင့်တင်လျက် ဈေးကွက်တိုးချဲ့နေပါသည်။ DAWN သည် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီး ဌာနတွင် မှတ်ပုံတင်ထားပြီး ငွေရေးကြေးရေး ကြီးကြပ်စစ်ဆေးရေး ဦးစီးဌာနက တရားဝင်ခွင့်ပြုထားသော ချေးငွေစုငွေလုပ်ငန်း လိုင်စင်ဖြင့် လုပ်ငန်းဆောင်ရွက်လျက် ရှိပါသည်။

အနာဂတ် ရည်မှန်းချက်

ကျွန်ုပ်တို့ ဝန်ဆောင်မှုပေးနေသော မိသားစုများ၏ လူနေမှုဘဝကို မြှင့်တင်ပေးခြင်းဖြင့် မြန်မာနိုင်ငံတွင် အကောင်းဆုံးသော အသေးစားငွေရေးကြေးရေး အဖွဲ့အစည်း ဖြစ်ရန်။

လုပ်ဆောင်ချက်

မြန်မာနိုင်ငံတဝှမ်းရှိ ငွေကြေးဝန်ဆောင်မှုဖြင့် လက်လှမ်းမမှီသူများ၊ ဝင်ငွေနည်းပါးသူများ၊ လုပ်ငန်းငယ်များကို စွန့်ဦးတီထွင် ဆောင်ရွက်သူများနှင့် အသေးစား စီးပွားရေးလုပ်ငန်းရှင်များကို အရည်အသွေး မြင့်မားသည့် ငွေကြေးဆိုင်ရာ ဝန်ဆောင်မှုပေးရန်။

တန်ဖိုးထားမှုများ

ရှယ်ယာရှင်များ

Accion သည် ဝင်ငွေနည်းပါးသူများအတွက် ငွေကြေးဆိုင်ရာ ဝန်ဆောင်မှုများကို ပံ့ပိုးပေးနေသော အသေးစား ငွေရေးကြေးရေး အဖွဲ့အစည်းများကို ကူညီထောက်ပံ့ပေးသည့် အကျိုးအမြတ်မယူသော နိုင်ငံတကာ အဖွဲ့အစည်းတစ်ခု ဖြစ်ပါသည်။ Accion သည် DAWN ၏ ဒါရိုက်တာဘုတ်အဖွဲ့တွင် နေရာနှစ်နေရာ ရရှိထားပြီး လက်ရှိဆောင်ရွက်လျက်ရှိသည့် စီမံကိန်းအမျိုးမျိုးတွင်လည်း နည်းပညာဆိုင်ရာကူညီ အထောက်အပံ့များ ပံ့ပိုးပေးလျက် ရှိပါသည်။

FMO သည် ဒတ်ချ် စွန့်ဦးတီထွင်မှုဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးဘဏ် ဖြစ်ပါသည်။ FMO သည် ဖွံ့ဖြိုးဆဲနိုင်ငံများနှင့် ထွန်းသစ်စ ဈေးကွက်များရှိ ပုဂ္ဂလိက အခန်းကဏ္ဍတွင် နှစ် ၅၀ ကျော်ကြာ ရင်းနှီးမြှုပ်နှံမှုများ လုပ်ကိုင်လျက်ရှိသည်။ FMO သည် DAWN ၏ ဒါရိုက်တာဘုတ်အဖွဲ့တွင် နေရာတစ်နေရာ ရရှိထားပါသည်။

FMO သည် ဒတ်ချ် စွန့်ဦးတီထွင်မှုဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးဘဏ် ဖြစ်ပါသည်။ FMO သည် ဖွံ့ဖြိုးဆဲနိုင်ငံများနှင့် ထွန်းသစ်စ ဈေးကွက်များရှိ ပုဂ္ဂလိက အခန်းကဏ္ဍတွင် နှစ် ၅၀ ကျော်ကြာ ရင်းနှီးမြှုပ်နှံမှုများ လုပ်ကိုင်လျက်ရှိသည်။ FMO သည် DAWN ၏ ဒါရိုက်တာဘုတ်အဖွဲ့တွင် နေရာတစ်နေရာ ရရှိထားပါသည်။

Triodos Investment Management သည် သဘာဝပတ်ဝန်းကျင်နှင့် လူနေမှုဘဝမြှင့်တင်မှုဆိုင်ရာ ရင်းနှီးမြှပ်နှံမှု လုပ်ငန်းနယ်ပယ်တွင် နိုင်ငံတကာ၌ ရှေ့ပြေးဦးဆောင်ရှိသော အဖွဲ့အစည်းတစ်ခုဖြစ်သည့် အပြင် Global Impact Investing Network ၏ တည်ထောင်သူအဖွဲ့ဝင်လည်းဖြစ်သည်။ ၎င်းသည် Triodos Bank က ရာနှုန်းပြည့်ပိုင်ဆိုင်သည့် ကုမ္ပဏီခွဲတစ်ခု ဖြစ်ပါသည်။ Triodos သည် DAWN ၏ ဒါရိုက်တာဘုတ်အဖွဲ့တွင် နေရာတစ်နေရာ ရရှိထားပါသည်။

ခေါင်းဆောင်မှု

ဒါရိုက်တာဘုတ်အဖွဲ့ဝင်

Victoria White​

Accion

John H. Fischer​

Accion

Mirjam Janssen​

Triodos​

Hein Swinkels​

FMO

Thuzar Win

Independent Director​

အကြီးတန်းစီမံခန့်ခွဲရေး အဖွဲ့ဝင်များ

Ravi Tissera

Chief Executive Officer

Khin Thida

Chief Operating Officer

Siva Prakash

Chief Financial Officer

Noe Zin Lin

Head of Internal Audit

Zin Mar Myat

Head of Talent and Facilities Management

Julio Pinzon

Head of Risk and Special Projects

မိတ်ဖက်အဖွဲ့အစည်းများ

DAWN သည် နိုင်ငံအတွင်း တရားဝင် ငွေကြေးဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများ တိုးချဲ့လုပ်ကိုင်နိုင်ရန်အတွက် ပုဂ္ဂလိကလုပ်ငန်းကဏ္ဍ တိုးတက်ရေး ရင်းနှီးမြှုပ်နှံသူများ၊ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ငွေရေးကြေးရေး အဖွဲ့အစည်းများ၊ ပြည်တွင်း ကုန်သွယ်မှုဘဏ်များနှင့် အခြားနိုင်ငံတကာ အဖွဲ့အစည်းများစွာနှင့် လက်တွဲလုပ်ကိုင်ဆောင်ရွက်လျက် ရှိပါသည်။
Scroll to Top