သတင်းများ

အသိပညာသည် စွမ်းအားဖြစ်သည်။

DAWN အနေဖြင့် အဖွဲ့ဝင်များအားလုံး ကုမ္ပဏီ၏ ချေးငွေ ဝန်ဆောင်မှုများအကြောင်းကို ကောင်းစွာသိရှိ နားလည်အောင်ပြုလုပ်ခြင်းဖြင့်  အဖွဲ့ဝင်များအား ကာကွယ်စောင့်ရှောက်သွားရန် ကြိုးစားအားထုတ်လျက်ရှိ ပါသည်။ သင်သည် DAWN အဖွဲ့ဝင်ဖြစ်ပါက အောက်ဖော်ပြပါ အကြောင်းအရာများသည် သင့်အနေဖြင့် သိသင့်သိထိုက်သည့် အကြောင်းအရာများဖြစ်ပါသည်။ (၁) သင်၏ ချေးငွေနှင့်ပတ်သက်သော သတ်မှတ်ချက်များနှင့် လုပ်ထုံးလုပ်နည်းများကို သိရှိထားရန်။ အဖွဲ့ဝင်များအနေဖြင့် မိမိထုတ်ယူသော ချေးငွေနှင့်ပတ်သက်သည့် သတ်မှတ်ချက်များနှင့် လုပ်ထုံးလုပ်နည်းများ ကို အသေးစိတ်သိရှိထားရန် လိုအပ်ပါသည်။ ချေးငွေနှင့်ပတ်သတ်ပြီး အသေးစိတ်သိရှိရန်အတွက် မိမိ၏ ချေးငွေမှတ်တမ်း စာအုပ်၊ ချေးငွေဆိုင်ရာ သဘောတူညီချက်များနှင့် လက်ကမ်းစာစောင်တွင်ပါဝင်သော  သတင်းအချက်အလက်များကို ဖတ်ရှုနိုင်ပါသည် (သို့မဟုတ်) DAWN ဝန်ထမ်းများထံတွင်လည်း စုံစမ်းမေးမြန်း နိုင်ပါသည်။ ချေးငွေနှင့်ပတ်သတ်သည့် အခြေခံသတ်မှတ်ချက်များ အတိုးနှုန်း တစ်နှစ်လျှင် (၂၈) ရာခိုင်နှုန်း၊ …

အသိပညာသည် စွမ်းအားဖြစ်သည်။ Read More »

ယခုလို ကြိုးစားဆဲ အချိန်ကာလအတွင်း သတင်းကောင်း

DAWN အနေဖြင့် ၅နှစ်ပြည့် နှစ်ပတ်လည်ကာလအတွင်း Outstanding Loan Portfolio (ထုတ်ချေးငွေလက်ကျန်ပမာဏ) စုစုပေါင်း မြန်မာကျပ်ငွေ ၁၀၀ ဘီလီယံအထိရောက်ရှိခဲ့ပြီး ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်ကုန်ပိုင်းအတွင်း ယခုလို အပြုသဘောဆောင်သည့် မှတ်တိုင်သစ်စိုက်ထူနိုင်ခဲ့ခြင်းကို ဝမ်းမြောက်ဂုဏ်ယူစွာဖြင့် သတင်းကောင်းမျှဝေလိုပါသည်။ကမ္ဘာ့ကပ်ရောဂါကြောင့် ဖြစ်ပေါ်လာခဲ့ရသည့် ကန့်သတ်ချက်များနှင့် အခက်အခဲ အတားအဆီး စိန်ခေါ်မှုများအကြား ကျွနု်ပ်တို့ DAWN အဖွဲ့သားများ၏ မဆုတ်မနစ်ကြိုးစားမှုနှင့် မလျော့သော ဇွဲလုံ့လဝိရိယတို့မရှိပါက ယခုလို အောင်မြင်မှုမှတ်တိုင်ကို ဖော်ဆောင်နိုင်လိမ့်မည် မဟုတ်ပါ။ DAWN အနေဖြင့် ဤကဲ့သို့သော အောင်မြင်မှုမှတ်တိုင် စိုက်ထူနိုင်အောင် ကူညီပေးခဲ့ကြသည့် မိတ်ဖက်များ၊ ကူညီပံ့ပိုးပေးသောသူများ အားလုံးကို အထူးပင်ကျေးဇူးတင်ရှိပါကြောင်းနှင့် ဆက်လက်၍ ယခုကဲ့သို့ အောင်မြင်မှု အရှိန်အဟုန်ကို ဆက်လက်ထိန်းသိမ်းထားနိုင်ရန် ဆန္ဒပြုပါသည်။ယခုဘဏ္ဍာရေးနှစ်အသစ်မှစ၍ DAWNအနေဖြင့် အဖွဲ့ဝင်များနှင့် ဝန်ထမ်းများ၏ ကျန်းမာလုံခြုံမှုအပေါ် ယခင်ကကဲ့သို့ …

ယခုလို ကြိုးစားဆဲ အချိန်ကာလအတွင်း သတင်းကောင်း Read More »

ကျွန်ုပ်တို့၏ ဝန်ထမ်းများနှင့် အဖွဲ့ဝင်များသာ ပထမဦးစားပေး နံပါတ် ၁

ယခုရက်သတ္တပတ်အတွင်း မြန်မာနိုင်ငံတွင် COVID-19 ရောဂါဖြစ်ပွားမှုဦးရေ လျင်မြန်စွာ တိုးတက်လာမှုကြောင့် DAWN အနေဖြင့် အဖွဲ့ဝင်များနှင့် ဝန်ထမ်းများ၏ ကျန်းမာရေးနှင့် လုံခြုံရေးအတွက် လိုအပ်သည်များကို အင်တိုက်အားတိုက် စဉ်ဆက်မပြတ် စီစဉ်ဆောင်ရွက် လျက်ရှိပါသည်။ လက်ရှိကာလတွင် ဌာနခွဲများအနေဖြင့် အစိုးရမှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များနှင့် ရောဂါကြိုတင်ကာကွယ်ရေးဆိုင်ရာ စည်းကမ်းချက်များကို တိကျစွာလိုက်နာ၍ အဖွဲ့ဝင်များ လိုအပ်သော မရှိမဖြစ် ဘဏ္ဍာရေးဆိုင်ရာ ဝန်ဆောင်မှုများကို ဝန်ဆောင်မှုပေး လျက်ရှိနေပါသည်။ ရောဂါကြိုတင် ကာကွယ်ရေးအတွက် အောက်ဖော်ပြပါအတိုင်း စီစဉ် ဆောင်ရွက်လျက်ရှိပါသည်။ ဌာနခွဲများတွင် ထိတွေ့မှုများသည့် တံခါးလက်ကိုင်များ၊ ထိုင်ခုံများ၊ ငွေကောင်တာများနှင့် သန့်စင်ခန်းများကို မကြာခဏ သန့်ရှင်းရေးပြုခြင်းအပြင် အဖွဲ့ဝင်များလက်ဆေးရန်အတွက် နေရာများ ထားရှိခြင်း၊ ဝန်ထမ်းများအနေဖြင့် ၎င်းတို့ကိုယ်တိုင် ရောဂါပိုးကူးစက်ခံရမှုမှကာကွယ်ရန်နှင့် တန်ဖိုးထားရသော အဖွဲ့ဝင်များကူးစက်ခံရမှုမရှိစေရန်အတွက် လိုအပ်သော ပါးစပ်နှင့်နှာခေါင်းစည်းများ၊ …

ကျွန်ုပ်တို့၏ ဝန်ထမ်းများနှင့် အဖွဲ့ဝင်များသာ ပထမဦးစားပေး နံပါတ် ၁ Read More »

အဖွဲ့ဝင်များအနေဖြင့် ကိုရိုနာဗိုင်းရပ်စ်ကို ကိုင်တွယ်ဖြေရှင်းခဲ့ပုံ

ကိုရိုနာဗိုင်းရပ်စ် (COVID-19) ပေါ်ပေါက်လာခြင်းသည် ကမ္ဘာနှင့်အဝှမ်း အရေးပေါ်ကျန်းမာရေး အခြေအနေကို ဖြစ်ပေါ်စေရုံသာမ ကမ္ဘာ့စီးပွားရေးကိုပါ နှောင့်နှေးစေခဲ့ပါသည်။ ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှု၊ ကုန်ထုတ်လုပ်မှုနှင့် အလုပ်ခန့်အပ်မှု အလုံးစုံကို ထိခိုက်စေပြီး ကျွန်ုပ်တို့ အဖွဲ့ဝင်များ၏ စီးပွားရေးလုပ်ငန်းများ အပေါ်တွင်ပါ သက်ရောက်မှုများ ဖြစ်ပေါ်လာစေပါသည်။ ထို့ကြောင့် ဤအကျပ်အတည်းကာလသည် ကျွန်ုပ်တို့အားလုံးကို လိုက်လျောညီထွေနေတတ်စေရန် တွန်းအားပေးခဲ့သည်။ ကျွန်ုပ်တို့၏ အဖွဲ့ဝင်များကို ဖြစ်ပေါ်လာသည့် အခြေအနေအပေါ်မှုတည်၍ လိုက်လျောညီထွေ နေတတ်စေခဲ့ပါသည်။ လွန်ခဲ့သည့် လများအတွင်း ကျွန်ုပ်တို့၏ အဖွဲ့ဝင်များသည် စီးပွားရေး လုပ်ငန်းဆောင်ရွက်သည့်ပုံစံကို ပြောင်းလဲခဲ့ရသည်။ ဦးကောင်းထိုက်ကျော် (အသေးစား စီးပွားရေးလုပ်ငန်းပိုင်ရှင်)ကျွန်ုပ်တို့၏ တစ်ဦးချင်းချေးယူသည့် အဖွဲ့ဝင်တစ်ဦးဖြစ်သည့် ဦးကောင်းထိုက်ကျော်သည် ဆပ်ပြာနှင့် ဂျဲလ်အမျိုးအစား လက်သန့်ဆေးရည် တစ်မျိုးတည်း အပါအဝင် ကလေးစောင့်ရှောက်ရေး ပစ္စည်းများ ထုတ်လုပ်သည့် ရန်ကုန်အခြေစိုက် အသေးစား …

အဖွဲ့ဝင်များအနေဖြင့် ကိုရိုနာဗိုင်းရပ်စ်ကို ကိုင်တွယ်ဖြေရှင်းခဲ့ပုံ Read More »

ဤမကြုံဖူးသော အခြေအနေတွင် DAWN အနေဖြင့် အဖွဲ့ဝင်များ၏ လူမှုစီးပွားအဝဝ ကို ကာကွယ်ဖြေရှင်းခဲ့ပုံ

COVID-19 ရောဂါ သိသာစွာ ပျံ့နှံ့မှုသည် ကမ္ဘာအနှံ့ရှိ အများပြည်သူလူထု၏ လူမှုဘဝများ၊ အသက်မွေးလုပ်ငန်းများနှင့် စီးပွားရေး လုပ်ငန်းများကို ထိခိုက်စေခဲ့ပါသည်။ ဤအခြေအနေကို တန်ပြန်တုံံ့ပြန်သည့်အနေဖြင့် DAWN သည် ၎င်း၏ စီးပွားရေးလုပ်ငန်း သက်ရောက်မှုအပေါ် နည်းနိုင်သမျှ နည်းပါးစေရန်သာမက အဖွဲ့ဝင်များ၏ စီးပွားရေး လုပ်ငန်းများအပေါ် ထိခိုက်ပျက်စီးမှု နည်းပါးစေရန် အတွက် အကြီးတန်းစီမံခန့်ခွဲရေး အဖွဲ့အနေဖြင့် COVID-19 တုံ့ပြန်ဆောင်ရွက်ရေး အဖွဲ့ကို လျင်မြန်စွာ ဖွဲ့စည်းဆောင်ရွက်ခဲ့ပြီး အရေးပေါ်စီးပွားရေးအစီအစဉ်ကို အကောင်အထည်ဖော်လုပ်ဆောင်ခဲ့ပါသည်။ အောက်ပါတို့သည် ကျွန်ုပ်တို့က အဖွဲ့ဝင်များကို ကူညီပံ့ပိုးပေးနေသည့် နည်းလမ်းလေးရပ် ဖြစ်ပါသည်။ ၁။ အာဏာပိုင်များက ချမှတ်ထားသော ကန့်သတ်ချက်များကို လိုက်လျောညီထွေဖြစ်အောင် ဆောင်ရွက်စဉ် ချေးငွေ ထုတ်ပေးမှုများနှင့် ပေးသွင်းမှုများ အဆင်ပြေချောမွေ့စေရန် လက်ရှိလုပ်ငန်းဆောင်ရွက်မှု အဆင့်ဆင့်ကို ပြုပြင်ခြင်း DAWN …

ဤမကြုံဖူးသော အခြေအနေတွင် DAWN အနေဖြင့် အဖွဲ့ဝင်များ၏ လူမှုစီးပွားအဝဝ ကို ကာကွယ်ဖြေရှင်းခဲ့ပုံ Read More »

Covid-19 ကပ်ဘေးကာလအတွင်း FMO မှ အဓိကဘဏ္ဍာရေးနှင့် အကြံပေး ပံ့ပိုးကူညီမှု

Covid-19 ကပ်ရောဂါကာလ နောက်ပိုင်းတွင် Early Dawn Microfinance Company Ltd. (DAWN) သည် ဒတ်ချ်နိုင်ငံ စွန့်ဦးတီထွင်မှုဆိုင်ရာ ဖွံ့ဖြိုးရေးဘဏ်နှင့် DAWN ရှယ်ယာရှင်တစ်ဦးဖြစ်သည့် FMO ထံမှ အကြံပေးလုပ်ငန်းများအတွက် အမေရိကန်ဒေါ်လာ ၇.၅ သန်းနှင့် ညီမျှသည့် ချေးငွေနှင့် သဘောတူညီမှုကို လက်ခံရရှိခဲ့ပါသည်။ကမ္ဘာနှင့်အဝှမ်းဖြစ်ပွားသော ကပ်ရောဂါကြောင့် အသေးစား ငွေရေးကြေးရေး အဖွဲ့အစည်းများသည် ယေဘုယျအားဖြင့် ဖြစ်ပေါ်လာသည့် ငွေကြေးဖြစ်ပေါ်လွယ်မှု စိုးရိမ်ဖွယ် ပြဿနာများကို ဆက်လက်ရင်ဆိုင်ရပြီး မြန်မာနိုင်ငံတွင် MFI များသည် ဧပြီလတွင် လုပ်ငန်းလည်ပတ်မှုများ ကဏ္ဍအလိုက် ဆိုင်းငံ့မှုကို လိုက်နာပြီး မေလတွင် ချမှတ်ထားသည့် ကန့်သတ်ချက်များကို လိုက်နာကြရကာ MFI အနေဖြင့် လုပ်ငန်းများကို စတင်၍ ဆက်လက်လုပ်ဆောင်နေစဉ် FMO ထံမှ ချေးငွေသည် …

Covid-19 ကပ်ဘေးကာလအတွင်း FMO မှ အဓိကဘဏ္ဍာရေးနှင့် အကြံပေး ပံ့ပိုးကူညီမှု Read More »

DAWN သည် Covid-19 အကျပ်အတည်းကာလအတွင်း Proparco မှ ငွေကြေးထောက်ပံ့မှုကို လက်ခံရရှိခဲ့ပါသည်။

ဖြစ်ပွားဆဲ Covid-19 အကျပ်အတည်းကာလတွင် DAWN သည် ပြင်သစ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဘဏ္ဍာရေး အဖွဲ့အစည်းတစ်ခုဖြစ်သော Proparco ထံမှ အမေရိကန်ဒေါ်လာ ၄ သန်း ပမာဏရှိသော ပြည်တွင်းငွေကြေးဖြင့် ချေးငွေကို ကံကောင်းစွာဖြင့် လက်ခံရရှိခဲ့ပါသည်။DAWN သည် ချေးငွေဖြင့် မြန်မာနိုင်ငံတွင် ပိုမိုကောင်းမွန်သော ငွေကြေးဝန်ဆောင်မှု လုပ်ငန်းတွင် ဆက်လက်ဆောင်ရွက်နိုင်ပြီး တစ်နိုင်တစ်ပိုင်နှင့် အသေးစား စီးပွားရေးလုပ်ငန်းများ (MSME) များကို ဆက်လက်ကူညီ ပံ့ပိုးပေးနိုင်ခဲ့ပါသည်။ အသေးစား ငွေရေးကြေးရေး အဖွဲ့အစည်းများသည် စိန်ခေါ်မှုများ ရှိနေသည့် လုပ်ငန်းဆောင်ရွက်မှု ပတ်ဝန်းကျင်တွင် လုပ်ငန်းတာဝန်များကို ဆက်လက်ဆောင်ရွက်နေရပြီး MSME များသည် သိသာထင်ရှားသည့် စီးပွားရေး အကျိုးသက်ရောက်မှုများကို ကိုင်တွယ်ဖြေရှင်းရသဖြင့် ဤခက်ခဲသည့်ကာလအတွင်း ငွေကြေးထောက်ပံ့မှုများကို အထူးသဖြင့် ဝမ်းမြောက်စွာ လက်ခံလျက် ရှိပါသည်။ DAWN …

DAWN သည် Covid-19 အကျပ်အတည်းကာလအတွင်း Proparco မှ ငွေကြေးထောက်ပံ့မှုကို လက်ခံရရှိခဲ့ပါသည်။ Read More »

နေရာတိုင်းမှ ကူညီနိုင်ပါသည်။ အလှူအတန်းမှန်သမျှ ကြီးကျယ်ခမ်းနားရန် မလိုပါ။

COVID-19 လူနာများအတွက် ဆေးဝါးကုသမှုများ၊ ကျန်းမာရေးစောင့်ရှောက်မှုနှင့် နေရာထိုင်ခင်းများ ပံ့ပိုးပေးနေသည့် ရန်ကုန်မြို့ ဝေဘာဂီ အထူးကုဆေးရုံနှင့် တောင်ဥက္ကလာပ အမျိုးသမီးနှင့် ကလေးများဆေးရုံတွင် ငွေကျပ် သိန်း ၁၀၀ တန်ဖိုးရှိသော လိုအပ်သည့် ရောဂါအကာအကွယ်ပေး ပစ္စည်းများကို DAWN ဝန်ထမ်းများက မေလ ၂ရက် ၂၀၂၀ ပြည့်နှစ်တွင် သွားရောက်လှူဒါန်းခဲ့ပါသည်။ တစ်ကိုယ်ရေ အ ကာအကွယ်ပေး ပစ္စည်းများ (အစုံ ၁၀၀ )၊ ဖိနပ်အစွပ်များ (အစုံ ၁၀၀)၊ ခွဲစိတ်ဝတ်စုံများ (အစုံ ၄၀၀)၊ မျက်နှာအကာများ (၃၀၀ ခု) နှင့်လက်အိတ်များ (အစုံ ၅၀) ကဲ့သို့သော အမြောက်အများလိုအပ်လျှက်ရှိသည့် ဆေးကုသမှု တစ်ခါသုံးပစ္စည်းများကို ကူညီပံ့ပိုးပေးခဲ့ပါသည်။ကိုရိုနာဗိုင်းရပ်စ်ကို ရဲဝံ့စွာ တွန်းလှန်တိုက်ထုတ်သည့် ဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေးလုပ်သားများနှင့် …

နေရာတိုင်းမှ ကူညီနိုင်ပါသည်။ အလှူအတန်းမှန်သမျှ ကြီးကျယ်ခမ်းနားရန် မလိုပါ။ Read More »

Asiamoney Best Bank Awards 2020: Myanmar

လန်ဒန်အခြေစိုက် စီးပွားရေးလုပ်ငန်းနှင့် ဘဏ္ဍာရေးဆိုင်ရာ မဂ္ဂဇင်းတစ်ခုဖြစ်သော Asiamoney မှ ချီးမြှင့်သည့် “Best for Microfinance in Myanmar: 2020” ဆုကို DAWN က ၂၀၂၀ခုနှစ် မတ်လ၊ ၃၁ရက်နေ့တွင် လက်ခံရရှိခဲ့ပါသည်။ DAWN ၏ လက်ရှိအကောင်ထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ဒီဂျစ်တယ် နည်းပညာအခြေခံသော ငွေရေးကြေးရေး အဖွဲ့အစည်းအဖြစ်သို့ အသွင်ကူးပြောင်းမှု၊ မြန်မာနိုင်ငံတဝန်းရှိ အမျိုးသမီး တစ်နိုင်တစ်ပိုင် စွန့်ဦးတီထွင်လုပ်ငန်းရှင်များနှင့် အသေးစား စီးပွားရေး လုပ်ငန်းရှင်များအတွက် အရည်အသွေး ပြည့်မီသော ငွေရေးကြေးရေး ဝန်ဆောင်မှုတို့အတွက် DAWN အနေဖြင့် မြန်မာနိုင်ငံ၏ အကောင်းဆုံးသော အသေးစားငွေရေးကြေးရေး အဖွဲ့အစည်းအဖြစ် အသိမှတ်ပြု ဆုချီးမြှင့်ခံရခြင်း ဖြစ်သည်။ထို့အပြင် အဆိုပါဆုသည် အဖွဲ့ဝင်များကို ဗဟိုပြု၍ ၎င်းတို့၏ ငွေကြေးဆိုင်ရာနှင့် လူမှုဘဝ …

Asiamoney Best Bank Awards 2020: Myanmar Read More »

DAWN အနေဖြင့် COVID-19 ကို တုံ့ပြန်ဆောင်ရွက်ခဲ့သည့်နည်းလမ်း

DAWN သည် ဝန်ထမ်းများနှင့် အဖွဲ့ဝင်များ၏ကျန်းမာရေးကို ဦးစားပေးအနေဖြင့် ထိန်းသိမ်းဆောင်ရွက်နေစဉ်တွင် လျင်မြန်စွာ တိုးတက်လာသော အခြေအနေကြောင့် မူလအတိုင်း ပြန်လည်ဆောင်ရွက်ရန်နှင့် တုံ့ပြန်ဖြေကြားမှုများ ဆောင်ရွက်ပေးရန် လိုအပ်နေပါသည်။ အမှီအခိုကင်းသော အသေးစားငွေရေးကြေးရေး အဖွဲ့အစည်းတစ်ရပ်အနေဖြင့် လုပ်ငန်းဆောင်ရွက်ရာတွင် ၅နှစ်သို့ ဦးတည်လာချိန် ကာလအတွင်းတွင် ကမ္ဘာနှင့်အဝှမ်း အကျပ်အတည်းကာလနှင့် ကြုံတွေ့နေရပါသည်။ DAWN ၏ တရားဝင် နှစ်ပတ်လည်နေ့ မတ်လ ၁၆ရက်နေ့မတိုင်မီ မတ်လ ၁၁ ရက်နေ့တွင် COVID-19 သည် ကမ္ဘာနှင့်အဝှမ်း ဖြစ်ပွားသော ရောဂါဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (WHO) က ကြေညာခဲ့ပါသည်။ ဤကြေညာချက် မထုတ်ပြန်မီ ရက်သတ္တပတ်များအတွင်း DAWN သည် ၎င်း၏၅နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနားကို ရွှေ့ဆိုင်းရန် မရွှေ့ဆိုင်းရန်ကို ဆုံးဖြတ်ခဲ့ရပါသည်။ နောက်ဆုံးတွင် DAWN သည် …

DAWN အနေဖြင့် COVID-19 ကို တုံ့ပြန်ဆောင်ရွက်ခဲ့သည့်နည်းလမ်း Read More »

Scroll to Top