ရာထူး
|
ချေးငွေအရာရှိ (Loan Officer)
|
နေရာဒေသ
|
မော်လမြိုင်၊ ကျောက်တံခါး၊ ဖြူး။
|
၀န်ထမ်းအရည်အတွက်
|
၄ ဦး
|
ဆက်သွယ်ဆောင်ရွက်ရမည့်သူမျာ:
|
လုပ်ဖော်ကိုင်ဖက်၀န်ထမ်းများ၊ ငွေချေးယူသူများ၊ ချေးငွေအာမခံများ
|
ကြီးကြပ်သူ၀န်ထမ်း
|
ဌာနခွဲမန်နေဂျာ
|
ရာထူးအကျဉ်းဖော်ပြချက်
ဤရာထူးသည် လုပ်ငန်းစျေးကွက်ဖော်ဆောင်ရေး၊ ငွေချေးမည့်သူများစုဆောင်းရရှိရေး၊ ချေးငွေများ ထုတ်ပေးရန်နှင့် ပြန်လည်ကောက်ခံရေး၊ လုပ်ငန်းအရည်အသွေးထိန်းသိမ်းရေးနှင့် ပတ်သက်၍ တစ်ဦးချင်းအတွက် သတ်မှတ်ထားသော လစဉ်နှင့်နှစ်စဉ်လျာထားချက်များပြည့်မီရေး အတွက်တာဝန်ရှိသည်။ |
အဓိကတာဝန်ဝတ္တရားများ
၁။ လုပ်ငန်းစျေးကွက်ဖော်ဆောင်ရေးနှင့် ငွေချေးမည့်သူများ စုဆောင်းရရှိရေးတာဝန်များ
- လုပ်ငန်းနေရာသစ်များ သတ်မှတ်ဖော်ထုတ်၍ လေ့လာဆန်းစစ်မှုများပြုလုပ်ခြင်း
- ချေးငွေရယူရန် အလားလာရှိသူများထံသွားရောက်၍ ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများ အကြောင်း ရှင်းလင်း ဆွေးနွေးခြင်း
- လုပ်ငန်းအစည်းအဝေးများ ကျင်းပခြင်းနှင့် အဖွဲ့များဖွဲ့စည်းခြင်း
- အဖွဲ့ဝင်များအားလုံးအတွက် မဖြစ်မနေတက်ရောက်ရမည့် မူဝါဒနှင့်လုပ်ငန်းစဉ်များဆိုင်ရာ သင်တန်းများ ပြုလုပ်ခြင်း
- စုံစမ်းမေးမြန်းမှုများအား ပြန်လည်ဖြေကြားခြင်းနှင့် သတင်းအချက်အလက်ဖြန့်ဝေခြင်း
- ငွေချေးသူများ၏ ကိုယ်ရေးအချက်အလက်ပုံစံများကို အပြည့်အဝတိကျမှန်ကန်စွာ ဖြည့်သွင်းခြင်းနှင့် လိုအပ်သော အထောက်အထားများ စုဆောင်းထားရှိခြင်း
- ငွေချေးသူ၏ နေအိမ်သို့သွားရောက်၍ ၎င်းပေးအပ်ထားသည့် အိမ်ထောင်စု ပိုင်ဆိုင်ပစ္စည်းစာရင်း အသေးစိတ်ကို စစ်ဆေးခြင်း
- လုပ်ငန်းအကောင်အထည် ဖော်ဆောင်ခြင်းနှင့် ညှိုနှိုင်းဆွေးနွေးခြင်း၊ အစည်းအဝေးများ သတ်မှတ် ထားသည့်အတိုင်း အပြည့်အဝကျင်းပနိုင်ရန် ဆောင်ရွက်ခြင်း
- လက်ရှိမူဝါဒအရ သတ်မှတ်ရက်နှင့်အချိန်တွင် ငွေချေးသူများ မှန်မှန်တက်ရောက်ရန် ဆောင်ရွက်ခြင်း
- အစည်းအဝေးတွင် အဖွဲ့များ၏ စာရင်းမှတ်တမ်းများကို နောက်ဆုံးအခြေအနေထိ မှတ်တမ်း ရေးသွင်းခြင်း
၂။ ငွေချေးသူများနှင့် ချေးငွေစီမံခန့်ခွဲမှုတာဝန်များ
- ချေးငွေရယူလိုသူများအား စီစစ်ရွေးချယ်ခြင်း
- ချေးငွေလျှောက်လွှာတွင် ဖော်ပြထားသော အချက်အလက်များကို စီစစ်ခြင်းနှင့်လိုအပ်ချက်များ ဖြည့်စွက် နိုင်ရန်ကူညီပေးခြင်း
- ချေးငွေလျှောက်လွှာတွင် ဖော်ပြထားသော အချက်အလက်များနှင့် ပတ်သတ်၍တွေ့ဆုံမေးမြန်းခြင်း
- လုပ်ငန်းဒေသသို့ သွားရောက်ကြည့်ရှု့ခြင်းနှင့် ထောက်ခံမည့်သူများမှတစ်ဆင့် စစ်ဆေးခြင်း
- လုပ်ငန်း၏ငွေသားစီးဆင်းမှုနှင့် ချေးငွေပြန်ဆပ်နိုင်မှု အလားအလာ ဆန်းစစ်လေ့လာခြင်း
- ချေးငွေထုတ်ပေးရေးအတွက် အထောက်ထားများ စုဆောင်းခြင်းနှင့် စစ်ဆေးခြင်း
- ချေးငွေထုတ်ပေးပြီး ၂လ အတွင်း ချေးငွေအသုံးပြုမှုကိုစစ်ဆေးခြင်း
- လုပ်ငန်းကို ပိုမိုထိန်းကွပ်နိုင်ရေးအတွက် ငွေချေးသူများအား စောင့်ကြည့်စစ်ဆေးမှုပြုလုပ်ခြင်း
- ငွေချေးသူများအား ဆွဲဆောင်ထိန်းသိမ်းထားနိုင်ရန်နှင့် နှုတ်ထွက်မှုများနည်းပါးစေရန်ဆောင်ရွက်ခြင်း
- ငွေချေးယူသူများ၏ မေးမြန်းစုံစမ်းခြင်းများနှင့် မကျေနပ်တိုင်တန်းချက်များကို မဆိုင်းမတွဖြေရှင်းပေးခြင်း
- ထုတ်ချေးငွေစုစုပေါင်းနှင့် ပတ်သတ်၍ စီမံခန့်ခွဲခြင်း
- လုပ်ငန်းအစီအစဉ် တိုးတက်စေရန် ငွေချေးယူသူများ၊ ဒေသခံများနှင့် ဆက်ဆံရေးကောင်းမွန်အောင် ဆောင်ရွက်ခြင်း
၃။ မှတ်တမ်းထားရှိခြင်းနှင့် လုပ်ငန်းစဉ်များ လိုက်နာဆောင်ရွက်ရေးတာဝန်များ
- ငွေချေးယူသူများနှင့် ပက်သတ်သည့် အထောက်အထားများကို စီမံခန့်ခွဲမှုအဖွဲ့၏ညွှန်ကြားချက်များနှင့် အညီ ထိန်းသိမ်းထားရှိခြင်း
- သက်ဆိုင်ရာဌာနခွဲ၏ မန်နေဂျာ၊ ငွေကိုင်နှင့်စာရင်းကိုင်တို့ ပုံမှန်စစ်ဆေးချက်များနှင့် အတူငွေချေးယူသူ တစ်ဦးချင်း၏ လယ်ဂျာများကိုအချိန်နှင့် တပြေးညီထိန်းသိမ်းထားရှိခြင်း
- လုပ်ငန်းဒေသနှင့် ပတ်သတ်သည့် ကိစ္စရပ်များကို ဌာနခွဲမန်နေဂျာနှင့် အတူ ဆွေးနွေးညှိနှိုင်း ဖြေရှင်းပေးခြင်း
- အပ်နှံငွေဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို နေ့စဉ်အပ်နှံမှုစနစ်ဖြင့် လိုက်နာဆောင်ရွက်ခြင်း
|
လိုအပ်သော ပညာအရည်အချင်း
- တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိပြီးသူဖြစ်ရမည်
- လုပ်ငန်းအတွေ့အကြုံ မရှိသေးသူများလည်း လျောက်ထားနိုင်ပါသည်
- ဖွံ့ဖြိုးရေးလုပ်ငန်းအတွေ့အကြုံရှိသူ ဦးစားပေးမည်
- လုပ်ငန်းဆောင်ရွက်မည့် ဒေသတွင်နေထိုင်သူဖြစ်ပြီး အသေးစားလုပ်ငန်းများနှင့် ရပ်ရွာလူထု နှင့် ဆက်သွယ် ဆောင်ရွက်သည့် လုပ်ငန်းအကြောင်းသိရှိသူဖြစ်ရမည်
- မှတ်တမ်းထိန်းသိမ်းခြင်းနှင့် ကိန်းဂဏန်း၊ စာရင်းဇယား ကျွမ်းကျင်သူဖြစ်ရမည်
- လုပ်ငန်းဆောင်ရွက်ရန်အတွက် ခြေလျင်၊ ဘတ်စ်ကား၊ မော်တော်ဆိုင်ကယ် စသည်တို့ဖြင့် သွားလာနိုင်သူ ဖြစ်ရမည်
- ဆက်သွယ်ပြောဆိုမှုစွမ်းရည် ကောင်းမွန်သူဖြစ်ရမည်
- စီမံကိန်းရှိသည့် နေရာဒေသမရွေး သွားလာနိုင်ရမည်
|
ဆက်သွယ်ရမည့်ဖုန်း နှင့် လျှောက်ထားနိုင်သည့် ရုံးချုပ် လိပ်စာ ၊ Email လိပ်စာများ
ရန်ကုန်ရုံးချုပ် : အခန်း-၅၈၇၊ ၃ လွှာ၊ The Regency Offices ၊ ပြည်လမ်း ၊ (၂) ရပ်ကွက်၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်။
ဇုံနယ်ရုံး : အမှတ် (၂၅၉)၊ အမှတ် (၅) နယ်မြေ၊ မိတ္ထီလာ-ကျောက်ပန်းတောင်းလမ်းမ၊ နန်းတော်ကုန်း ရပ်ကွက်၊ မိတ္ထီလာမြို့။
Email : jobs@dawn.com.mm သို့ ၂၂ ရက်၊ စက်တင်ဘာလ ၊ ၂၀၂၃ခုနှစ် ညနေ ၅:ဝ၀ နောက်ဆုံးထား၍ လျှောက်ထားနိုင်ပါသည်။
HR ဌာနဖုန်း : ၀၉-၄၅၇၇၅၀၉၁၆၊ ၀၉-၇၉၇၁၃၆၅၆၅ သို့လည်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။ |