Loan Officer (Naunghkio, Minbu, Monywa)

အလုပ်လျှောက်လွှာခေါ်ယူခြင်း

Early Dawn Microfinance Company သည် လက်ရှိတွင် မြန်မာနိုင်ငံတဝှမ်းရှိ ဌာနခွဲပေါင်း ၆၉ ခု၌ အဖွဲ့ဝင်ပေါင်း ၂၇၀၀၀၀ ကျော်ကို ချေးငွေဝန်ဆောင်မှုပေးနေသည့် အောင်မြင်နေသော အသေးစားငွေရေးကြေးရေးလုပ်ငန်း အဖွဲ့အစည်း တစ်ခုဖြစ်ပါသည်။ ကျွန်ုပ်တို့အဖွဲ့အစည်းသည် ဝန်ထမ်းပေါင်း ၁၀၀၀ ကျော်နှင့်အတူ မြန်ဆန်စွာ ဖွံဖြိုးတိုးတက်လျက်ရှိပြီး မြို့နယ် အသစ်များတိုးချဲ့ရန်  ထူးချွန်ထက်မြက်သော ဝန်ထမ်းအင်အားများ ဖြည့်တင်းရန် လိုအပ်နေပါသည်။ DAWN သည် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနတွင် မှတ်ပုံတင်ထားပြီး ငွေရေးကြေးရေး ကြီးကြပ်စစ်ဆေးရေးဦးစီးဌာနမှ အသိအမှတ်ပြုလိုင်စင် ရရှိထားသော အဖွဲ့အစည်းတစ်ခုဖြစ်သည်။ အသေးစား စီးပွားရေး လုပ်ငန်းများနှင့် စိုက်ပျိုးရေးဆိုင်ရာ ရည်ရွယ်ချက်များအတွက် ချေးငွေဝန်ဆောင်မှုပေးနေသော အဖွဲ့အစည်းတစ်ခုအဖြစ် ရပ်တည်လျက်ရှိသည်။

JOB PROFILE

ရာထူး ချေးငွေအရာရှိ (Loan Officer)
နေရာ‌‌‌‌ဒေသ နောင်ချို၊ မင်းဘူး၊ မုံရွာ
၀န်ထမ်းအရည်အတွက် ၃ ဦး
ဆက်သွယ်ဆောင်ရွက်ရမည့်သူများ လုပ်ဖော်ကိုင်ဖက်၀န်ထမ်းများ၊ ငွေချေးယူသူများ၊ ချေးငွေအာမခံများ
ကြီးကြပ်သူ၀န်ထမ်း ဌာနခွဲမန်နေဂျာ
ရာထူးအကျဉ်းဖော်ပြချက်

ဤရာထူးသည် လုပ်ငန်းစျေးကွက်ဖော်ဆောင်ရေး၊ ငွေချေးမည့်သူများစုဆောင်းရရှိရေး၊ ချေးငွေများ ထုတ်ပေးရန်နှင့် ပြန်လည်ကောက်ခံရေး၊ လုပ်ငန်းအရည်အသွေးထိန်းသိမ်းရေးနှင့် ပတ်သက်၍တစ်ဦးချင်းအတွက် သတ်မှတ်ထားသော လစဉ်နှင့်နှစ်စဉ်လျာထားချက်များပြည့်မီရေး အတွက်တာဝန်ရှိသည်။

အဓိကတာဝန်ဝတ္တရားများ

၁။ လုပ်ငန်းစျေးကွက်ဖော်ဆောင်ရေးနှင့် ငွေချေးမည့်သူများ စုဆောင်းရရှိရေးတာဝန်များ

  • လုပ်ငန်းနေရာသစ်များ သတ်မှတ်ဖော်ထုတ်၍ လေ့လာဆန်းစစ်မှုများပြုလုပ်ခြင်း
  • ချေးငွေရယူရန် အလားလာရှိသူများထံသွားရောက်၍ ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများ အကြောင်း ရှင်းလင်း ဆွေးနွေးခြင်း
  • လုပ်ငန်းအစည်းအဝေးများ ကျင်းပခြင်းနှင့် အဖွဲ့များဖွဲ့စည်းခြင်း
  • အဖွဲ့ဝင်များအားလုံးအတွက် မဖြစ်မနေတက်ရောက်ရမည့် မူဝါဒနှင့်လုပ်ငန်းစဉ်များဆိုင်ရာ သင်တန်းများ ပြုလုပ်ခြင်း
  • စုံစမ်းမေးမြန်းမှုများအား ပြန်လည်ဖြေကြားခြင်းနှင့် သတင်းအချက်အလက်ဖြန့်ဝေခြင်း
  • ငွေချေးသူများ၏ ကိုယ်ရေးအချက်အလက်ပုံစံများကို အပြည့်အဝတိကျမှန်ကန်စွာ ဖြည့်သွင်းခြင်းနှင့် လိုအပ်သော အထောက်အထားများ စုဆောင်းထားရှိခြင်း
  • ငွေချေးသူ၏ နေအိမ်သို့သွားရောက်၍ ၎င်းပေးအပ်ထားသည့် အိမ်ထောင်စု ပိုင်ဆိုင်ပစ္စည်းစာရင်း အသေးစိတ်ကို စစ်ဆေးခြင်း
  • လုပ်ငန်းအကောင်အထည် ဖော်ဆောင်ခြင်းနှင့် ညှိုနှိုင်းဆွေးနွေးခြင်း၊ အစည်းအဝေးများ သတ်မှတ် ထားသည့်အတိုင်း အပြည့်အဝကျင်းပနိုင်ရန် ဆောင်ရွက်ခြင်း
  • လက်ရှိမူဝါဒအရ သတ်မှတ်ရက်နှင့်အချိန်တွင် ငွေချေးသူများ မှန်မှန်တက်ရောက်ရန် ဆောင်ရွက်ခြင်း
  • အစည်းအဝေးတွင် အဖွဲ့များ၏ စာရင်းမှတ်တမ်းများကို နောက်ဆုံးအခြေအနေထိ မှတ်တမ်းရေးသွင်းခြင်း

၂။ ငွေချေးသူများနှင့် ချေးငွေစီမံခန့်ခွဲမှုတာဝန်များ

  • ချေးငွေရယူလိုသူများအား စီစစ်ရွေးချယ်ခြင်း
  • ချေးငွေလျှောက်လွှာတွင် ဖော်ပြထားသော အချက်အလက်များကို စီစစ်ခြင်းနှင့်လိုအပ်ချက်များ ဖြည့်စွက် နိုင်ရန်ကူညီပေးခြင်း
  • ချေးငွေလျှောက်လွှာတွင် ဖော်ပြထားသော အချက်အလက်များနှင့် ပတ်သတ်၍တွေ့ဆုံမေးမြန်းခြင်း
  • လုပ်ငန်းဒေသသို့ သွားရောက်ကြည့်ရှု့ခြင်းနှင့် ထောက်ခံမည့်သူများမှတစ်ဆင့် စစ်ဆေးခြင်း
  • လုပ်ငန်း၏ငွေသားစီးဆင်းမှုနှင့် ချေးငွေပြန်ဆပ်နိုင်မှု အလားအလာ ဆန်းစစ်လေ့လာခြင်း
  • ချေးငွေထုတ်ပေးရေးအတွက် အထောက်ထားများ စုဆောင်းခြင်းနှင့် စစ်ဆေးခြင်း
  • ချေးငွေထုတ်ပေးပြီး ၂လ အတွင်း ချေးငွေအသုံးပြုမှုကိုစစ်ဆေးခြင်း
  • လုပ်ငန်းကို ပိုမိုထိန်းကွပ်နိုင်ရေးအတွက် ငွေချေးသူများအား စောင့်ကြည့်စစ်ဆေးမှုပြုလုပ်ခြင်း
  • ငွေချေးသူများအား ဆွဲဆောင်ထိန်းသိမ်းထားနိုင်ရန်နှင့် နှုတ်ထွက်မှုများနည်းပါးစေရန်ဆောင်ရွက်ခြင်း
  • ငွေချေးယူသူများ၏ မေးမြန်းစုံစမ်းခြင်းများနှင့် မကျေနပ်တိုင်တန်းချက်များကို မဆိုင်းမတွဖြေရှင်းပေးခြင်း
  • ထုတ်ချေးငွေစုစုပေါင်းနှင့် ပတ်သတ်၍ စီမံခန့်ခွဲခြင်း
  • လုပ်ငန်းအစီအစဉ် တိုးတက်စေရန် ငွေချေးယူသူများ၊ ဒေသခံများနှင့် ဆက်ဆံရေးကောင်းမွန်အောင် ဆောင်ရွက်ခြင်း

၃။ မှတ်တမ်းထားရှိခြင်းနှင့် လုပ်ငန်းစဉ်များ လိုက်နာဆောင်ရွက်ရေးတာဝန်များ

  • ငွေချေးယူသူများနှင့် ပက်သတ်သည့် အထောက်အထားများကို စီမံခန့်ခွဲမှုအဖွဲ့၏ညွှန်ကြားချက်များနှင့် အညီ ထိန်းသိမ်းထားရှိခြင်း
  • သက်ဆိုင်ရာဌာနခွဲ၏ မန်နေဂျာ၊ ငွေကိုင်နှင့်စာရင်းကိုင်တို့ ပုံမှန်စစ်ဆေးချက်များနှင့် အတူငွေချေးယူသူ တစ်ဦးချင်း၏ လယ်ဂျာများကိုအချိန်နှင့် တပြေးညီထိန်းသိမ်းထားရှိခြင်း
  • လုပ်ငန်းဒေသနှင့် ပတ်သတ်သည့် ကိစ္စရပ်များကို ဌာနခွဲမန်နေဂျာနှင့် အတူ ဆွေးနွေးညှိနှိုင်း ဖြေရှင်းပေးခြင်း
  • အပ်နှံငွေဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို နေ့စဉ်အပ်နှံမှုစနစ်ဖြင့် လိုက်နာဆောင်ရွက်ခြင်း
လိုအပ်သော ပညာအရည်အချင်း

  • တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိပြီးသူဖြစ်ရမည်
  • လုပ်ငန်းအတွေ့အကြုံ မရှိသေးသူများလည်း လျောက်ထားနိုင်ပါသည်
  • ဖွံ့ဖြိုးရေးလုပ်ငန်းအတွေ့အကြုံရှိသူ ဦးစားပေးမည်
  • လုပ်ငန်းဆောင်ရွက်မည့် ဒေသတွင်နေထိုင်သူဖြစ်ပြီး အသေးစားလုပ်ငန်းများနှင့် ရပ်ရွာလူထု နှင့် ဆက်သွယ် ဆောင်ရွက်သည့် လုပ်ငန်းအကြောင်းသိရှိသူဖြစ်ရမည်
  • မှတ်တမ်းထိန်းသိမ်းခြင်းနှင့် ကိန်းဂဏန်း၊ စာရင်းဇယား ကျွမ်းကျင်သူဖြစ်ရမည်
  • လုပ်ငန်းဆောင်ရွက်ရန်အတွက် ခြေလျင်၊ ဘတ်စ်ကား၊ မော်တော်ဆိုင်ကယ် စသည်တို့ဖြင့် သွားလာနိုင်သူ ဖြစ်ရမည်
  • ဆက်သွယ်ပြောဆိုမှုစွမ်းရည် ကောင်းမွန်သူဖြစ်ရမည်
  • စီမံကိန်းရှိသည့် နေရာဒေသမရွေး သွားလာနိုင်ရမည်
ဆက်သွယ်ရမည့်ဖုန်း နှင့် လျှောက်ထားနိုင်သည့် ရုံးချုပ် လိပ်စာ Email လိပ်စာများ

ဇုံနယ်ရုံး      : အမှတ် (၂၅၉)၊ အမှတ် (၅) နယ်မြေ၊ မိတ္ထီလာ-ကျောက်ပန်းတောင်းလမ်းမ၊ နန်းတော်ကုန်း ရပ်ကွက်၊ မိတ္ထီလာမြို့။

Email         : jobs@dawn.com.mm သို့ ၁၄ ရက်၊ ဒီဇင်ဘာလ၊ ၂၀၂၂ခုနှစ် ညနေ ၅:ဝ၀ နောက်ဆုံးထား၍ လျှောက်ထားနိုင်ပါသည်။

HR ဌာနဖုန်း        : ၀၉-၉၇၃၅၅၆၉၆၁၊ ၀၉-၇၉၇၁၃၆၅၆၅ သို့လည်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။

To apply for this job email your details to jobs@dawn.com.mm

Scroll to Top