အသိပညာသည် စွမ်းအားဖြစ်သည်။

DAWN အနေဖြင့် အဖွဲ့ဝင်များအားလုံး ကုမ္ပဏီ၏ ချေးငွေ ဝန်ဆောင်မှုများအကြောင်းကို ကောင်းစွာသိရှိ နားလည်အောင်ပြုလုပ်ခြင်းဖြင့်  အဖွဲ့ဝင်များအား ကာကွယ်စောင့်ရှောက်သွားရန် ကြိုးစားအားထုတ်လျက်ရှိ ပါသည်။

သင်သည် DAWN အဖွဲ့ဝင်ဖြစ်ပါက အောက်ဖော်ပြပါ အကြောင်းအရာများသည် သင့်အနေဖြင့် သိသင့်သိထိုက်သည့် အကြောင်းအရာများဖြစ်ပါသည်။

(၁) သင်၏ ချေးငွေနှင့်ပတ်သက်သော သတ်မှတ်ချက်များနှင့် လုပ်ထုံးလုပ်နည်းများကို သိရှိထားရန်။

အဖွဲ့ဝင်များအနေဖြင့် မိမိထုတ်ယူသော ချေးငွေနှင့်ပတ်သက်သည့် သတ်မှတ်ချက်များနှင့် လုပ်ထုံးလုပ်နည်းများ ကို အသေးစိတ်သိရှိထားရန် လိုအပ်ပါသည်။ ချေးငွေနှင့်ပတ်သတ်ပြီး အသေးစိတ်သိရှိရန်အတွက် မိမိ၏ ချေးငွေမှတ်တမ်း စာအုပ်၊ ချေးငွေဆိုင်ရာ သဘောတူညီချက်များနှင့် လက်ကမ်းစာစောင်တွင်ပါဝင်သော  သတင်းအချက်အလက်များကို ဖတ်ရှုနိုင်ပါသည် (သို့မဟုတ်) DAWN ဝန်ထမ်းများထံတွင်လည်း စုံစမ်းမေးမြန်း နိုင်ပါသည်။

ချေးငွေနှင့်ပတ်သတ်သည့် အခြေခံသတ်မှတ်ချက်များ

အတိုးနှုန်းတစ်နှစ်လျှင် (၂၈) ရာခိုင်နှုန်း၊ တစ်လလျှင် (၂.၃၃) ရာခိုင်နှုန်း။
ဝန်ဆောင်ခစာရွက်စာတမ်းကြေးနှင့် လူမှုရေးထောက်ပံ့မှုရန်ပုံငွေအတွက် ချေးငွေပမာဏ၏ (၂) ရာခိုင်နှုန်း။
ချေးငွေပမာဏချေးငွေအမျိုးအစားပေါ်မူတည်၍ အနည်းဆုံး ကျပ်ငွေ (၂၀၀,၀၀၀)မှ အများဆုံး ကျပ်ငွေ (၁၀,၀၀၀,၀၀၀) အထိ။
ချေးငွေသက်တမ်းကာလချေးငွေအမျိုးအစားပေါ်တွင် မူတည်၍ (၆)လ မှ (၂၄) လ သက်တမ်း။
ပေးသွင်းမှုပုံစံ

လစဉ် အရင်းနှင့် အတိုး။

ရာသီအလိုက်ချေးငွေတွင် လစဉ်အတိုးသာပေးသွင်းရပြီး နောက်ဆုံး ငွေပေးသွင်းရမည့် နေ့တွင် အရင်းနှင့် အတိုး (၁)လစာ။

ကြိုတင်ပေးဆပ်ခြင်းလက်ခံပါသည်။ အသေးစိတ်ကို DAWN ဝန်ထမ်းများထံတွင် စုံစမ်းမေးမြန်းနိုင်သည်။
မဖြစ်မနေစုဆောင်းငွေချေးငွေအကြိမ်ရေအပေါ်မူတည်၍ ချေးငွေပမာဏ၏ (၃) ရာခိုင်နှုန်း မှ (၅) ရာခိုင်နှုန်းအထိ။
အာမခံ

အဖွဲ့လိုက်ချေးငွေတွင် အဖွဲ့ဝင်များ၏အာမခံချက်။ စီးပွားရေးချေးငွေ အတွက် နောက်ထပ် အာမခံ (၁) ဦး (သို့မဟုတ်) (၂) ဦး။

တစ်ဦးချင်းချေးငွေတွင် ချေးငွေပမာဏအပေါ်မူတည်၍ အာမခံ (၁) ဦး မှ (၂) ဦး။

(၂) သင်၏ ကိုယ်ရေးအချက်အလက်များကို လုံခြုံစွာ သိမ်းဆည်းထားပါသည်။

DAWN အနေဖြင့် အဖွဲ့ဝင်များ၏ ကိုယ်ရေးအချက်အလက်များကို လုံခြုံစွာ သိမ်းဆည်းထားပါသည်။  အဖွဲ့ဝင်များထံမှ ရယူထားသော သတင်းအချက်အလက် များကို ချေးငွေကော်မတီ၊ ကြွေးနွံနစ်ခြင်းမှ ကာကွယ်ရန်အတွက် သတင်းအချက်အလက် မျှဝေနိုင်သည့် ပလက်ဖောင်းနှင့် သက်ဆိုင်ရာ အစိုးရအဖွဲ့အစည်းမှ လိုအပ်ချက်နှင့်အညီ တောင်းခံသော ကိစ္စမှလွဲ၍ အခြားမသက်ဆိုင်သော မည်သည့် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများထံသို့ မျှဝေပေးပို့ခြင်းကို လုပ်ဆောင်မှု မရှိပါ။

သတိပြုရန်- သင်သည် အဖွဲ့ခေါင်းဆောင်ဖြစ်ပါက သင့်အဖွဲ့ဝင်များ၏ ကိုယ်ရေးအချက်အလက် များကို လုံခြုံစွာဖြင့် ထိန်းသိမ်းထားရှိရန်အတွက် သင့်ထံတွင်လည်း တာဝန်ရှိပါသည်။

(၃) လိမ်လည်လှည့်ဖြား၍ ဈေးကွက်ရှာဖွေမှု၊ ငွေကြေးမသမာမှုနှင့် အကျင့်ပျက်မှုတို့မှ မိမိကိုယ်ကို ကာကွယ်ပါ။

DAWN အနေဖြင့် ချေးငွေဝန်ဆောင်မှုများကို ရယူသုံးစွဲရန်အတွက် အဖွဲ့ဝင်များကို မသမာသော နည်းလမ်းများဖြင့် ဖိအားပေးဆောင်ရွက်ခြင်းမရှိပါ။ အဖွဲ့ဝင်များ အနေဖြင့် မိမိကိုယ်ကိုယ် ကာကွယ်စောင့်ရှောက်နိုင်ရန်အတွက် အောက်ဖော်ပြပါ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများကို စောင့်ကြည့်လေ့လာပါ။

  • အဖွဲ့ဝင်များအတွက်လိုအပ်ချက်နှင့်ကိုက်ညီမှုမရှိသော၊ဝန်ထုတ်ဝန်ပိုးဖြစ်စေသောချေးငွေဖြစ်နေသည်ကိုသိလျက်နှင့်ဝန်ဆောင်မှုပေးခြင်း။
  • ချေးငွေဝန်ဆောင်မှုများကိုဝန်ဆောင်ခသက်သာသည်ဟုထင်မြင်အောင်ရည်ရွယ်ချက်ရှိရှိဖြင့်ဈေးနှုန်းလျော့ချဖော်ပြထားခြင်း၊အတိုးနှုန်းများထည့်ပေါင်းမဖော်ပြထားခြင်း။
  • ချေးငွေပြန်လည်ပေးဆပ်နိုင်ခြင်းရှိ၊မရှိကိုလုံလောက်သောဆန်းစစ်မှုမပြုလုပ်ပဲအခြားသောငွေရေးကြေးရေးအဖွဲ့အစည်းများမှအဖွဲ့ဝင်များအားများပြားသောချေးငွေပမာဏဝန်ဆောင်မှုပေးခြင်း။
  • အခြားသောငွေရေးကြေးရေးအဖွဲ့အစည်းများ၏ချေးငွေအတိုးနှုန်းနှင့်လုပ်ထုံးလုပ်နည်းများကိုအထင်အမြင်လွဲမှားအောင်ရှုံ့ချပြောဆိုခြင်း။
  • အဖွဲ့ဝင်များချေးငွေဝန်ဆောင်မှုရယူသုံးစွဲရန်နေ့စဉ်အမျှမေးမြန်းခြင်း၊နှောက်ယှက်ခြင်း၊အချိန်အကန့်အသတ်တစ်ခုအတွင်းသာရရှိသောချေးငွေဝန်ဆောင်မှုဖြစ်သည်ဟုဖြားယောင်းပြောဆိုပရိုမိုးရှင်းပြုလုပ်ခြင်း။

DAWN အဖြစ် ဟန်ဆောင်၍ ငွေကြေးလိမ်လည်မှုများရှိသဖြင့် သတိပြုရန်လိုအပ်ပါသည်။ DAWN အနေဖြင့် ချေးငွေအကဲဖြတ် စိစစ်ခြင်းလုပ်ငန်းစဉ်များကို ချမှတ်ထားသော စည်းမျဉ်းစည်းကမ်းများ အတိုင်း တိကျစွာ လိုက်နာဆောင်ရွက်လျက်ရှိပြီး၊ အွန်လိုင်းလူမှုကွန်ယက်မှ တစ်ဆင့် ချေးငွေဝန်ဆောင်မှုပေးခြင်း၊ ချေးငွေဝန်ဆောင်ခ တောင်းခံခြင်းတို့ကို မည်သည့်အခါမှ ဆောင်ရွက်ပေးခြင်းမရှိပါ။ တစ်စုံတစ်ဦးမှဖြစ်စေ၊ လူမှုကွန်ယက်စာမျက်နှာ တစ်ခုခုမှ ဖြစ်စေ DAWN အသွင်ယူကာ ဟန်ဆောင် လိမ်လည်မှုများ ပြုလုပ်နေကြောင်း သိရှိပါက ကျေးဇူးပြု၍ ကျွနု်ပ်တို့ထံသို့ ဆက်သွယ်ပေးရန်နှင့် ကျွနု်ပ်တို့အနေနှင့် ဥပဒေအရ အရေးယူရန် အသင့်ရှိပါသည်။

(၄) သင်၏ အကြံပြုချက်များသည် ကျွန်ုပ်တို့အတွက် အလွန်တရာတန်ဖိုးရှိပါသည်။

သင်၏အကြံပြုချက်များသည် ကျွန်ုပ်တို့အတွက် အလွန်အရေးပါပြီး ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုများ ပေးနိုင်ရန် မည်သို့ဆောင်ရွက်ရမည်နှင့် ပတ်သတ်၍လည်း အထောက်အကူ ပြုပါသည်။  အကယ်၍ သင့်အနေဖြင့် အဆင်မပြေမှု အကြောင်းအရာတစ်စုံတစ်ရာရှိပါက အောက်ပါနည်းလမ်းများအတိုင်း ကျွန်ုပ်တို့ထံသို့ ဆက်သွယ်နိုင်ပါသည်။ ကျွနု်ပ်တို့၏ရုံးချိန်မှာ တနင်္လာနေ့ မှ သောကြာနေ့အထိ မနက် (၉)နာရီမှ ညနေ (၅)နာရီခွဲအထိ ဖြစ်ပါသည်။

  • ဖုန်းနံပါတ်၀၉၄၂၅၇၅၃၀၇၇သို့ဖုန်းခေါ်ဆို၍ဖြစ်စေ၊စာတိုပေးပို့ခြင်းဖြင့်ဖြစ်စေဆက်သွယ်တိုင်ကြားနိုင်ပါသည်။
  • သက်ဆိုင်ရာဌာနခွဲမန်နေဂျာထံသို့ဖုန်းခေါ်ဆို၍ဖြစ်စေ၊ဌာနခွဲသို့လူကိုယ်တိုင်သွားရောက်၍ဖြစ်စေဆက်သွယ်အကြောင်းကြားနိုင်ပါသည်။
  • ဌာနခွဲရှိအကြံပြုစာပုံးတွင်တိုင်ကြားစာထည့်နိုင်ပါသည်။
  • ကျွနု်ပ်တို့၏ Facebook စာမျက်နှာ DAWNMicrofinance သို့စာပေးပို့ခြင်းဖြင့်အကြောင်းကြားနိုင်ပါသည်။
  • feedback@mig.dawn.com.mm သို့ Email ပေးပို့တိုင်းကြားနိုင်ပါသည်။

(၅) တရားမျှတမှုရှိ၍ လေးစားမှုရှိသော ဆက်ဆံမှုရရှိရန် သင့်တွင် အခွင့်အရေးရှိပါသည်။

DAWN အနေဖြင့် ချေးငွေလျှောက်လွှာကောက်ခံသည့်အချိန်မှ စတင်၍ ချေးငွေထုတ်သည့်အချိန်နှင့် ချေးငွေပြန်လည်ကောက်ခံသည့်အချိန် အပါအဝင် အချိန်တိုင်း  အဖွဲ့ဝင်များကို ယဉ်ကျေးမှုရှိစွာ၊ လေးစားမှုရှိစွာဖြင့် ပြောဆိုဆက်ဆံမည်ဟု ကတိကဝတ်ပြုပါသည်။ အကယ်၍ ထိုကဲ့သို့ သင့်ကို ပြောဆိုဆက်ဆံခြင်းမရှိပါက အရေးယူဖြေရှင်း ဆောင်ရွက်ပေးနိုင်ရန် ဖုန်းနံပါတ် ၀၉ ၄၂၅၇၅၃၀၇၇ သို့ဆက်သွယ်၍ဖြစ်စေ၊ အထက်ဖော်ပြပါ တိုင်ကြားနိုင်သည့် နည်းလမ်းများမှ တစ်ခုခုကို အသုံးပြု၍ဖြစ်စေ ကျွနု်ပ်တို့ထံသို့ ဆက်သွယ်တိုင်ကြားနိုင်ပါသည်။

အထက်ဖော်ပြပါအရာများအပြင်၊ DAWN ၏ ပထမဦးစားပေးမှာ အဖွဲ့ဝင်များ၏ ကျန်းမာရေးနှင့် လုံခြုံရေးပင်ဖြစ်ပါသည်။ ယခုလိုကပ်ရောဂါကာလတွင် DAWN အနေဖြင့် ဖြစ်ပေါ်နေသည့် အခြေအနေအရပ်ရပ်ကို မျက်ခြေမပြတ် စောင့်ကြည့်၍ သက်ဆိုင်ရာတာဝန်ရှိသူများနှင့်ပူးပေါင်း၍ မရှိမဖြစ်လိုအပ်သော ရောဂါကာကွယ်ရေး၊ တားဆီးရေးလုပ်ငန်းစဉ်များကို တက်ကြွစွာဖြင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။

သင့်အနေဖြင့် အထက်ဖော်ပြပါ အကြောင်းကိစ္စရပ်များသာမက အခြားသောကိစ္စရပ်များနှင့် ပတ်သတ်၍ စိုးရိမ်ပူပန်မှုများ မရှင်းလင်းသည်များရှိပါက ကျွန်ုပ်တို့ထံ ဆက်သွယ်မေးမြန်းနိုင်ပါသည်။

DAWN ကို သင်၏ ယုံကြည်စိတ်ချရသော ဘဏ္ဍာရေးဆိုင်ရာမိတ်ဖက် အဖြစ်ရွေးချယ်သည့်အတွက် အထူးပင်ကျေးဇူးတင်ရှိပါသည်။

Scroll to Top