ပုဂ္ဂိုလ်ရေး အချက်အလက် လုံခြုံမှုဆိုင်ရာ ဖော်ပြချက်

Early DAWN Microfinance Company Limited (“DAWN”) အနေဖြင် သင်၏ ပုဂ္ဂိုလ်ရေး သတင်းအချက်အလက်များကို လုံခြုံမှုရှိရန် ထိန်းသိမ်းကာကွယ် စောင့်ရှောက်သွားမည်ဟု ကတိပြုပါသည်။ ဤ ပုဂ္ဂိုလ်ရေး အချက်အလက် လုံခြုံမှုဆိုင်ရာ ဖော်ပြချက် သည်www.dawn.com.mm(ဤဝက်ဘ်ဆိုက်) မှ တစ်ဆင့် ရရှိထားသော ကိုယ်ရေးအချက်အလက်များ ကို အသုံးပြုခြင်းနှင့် ဖော်ပြခြင်း အတွက်သာ အကျုံးဝင်ပါသည်။ DAWN အနေဖြင့် ဤပုဂ္ဂိုလ်ရေး အချက်အလက် လုံခြုံမှုဆိုင်ရာ ဖော်ပြချက်ကို အခါအားလျော်စွာ ပြောင်းလဲပြင်ဆင်ခွင့်ရှိသည်။

ကိုယ်ရေးကိုယ်တာ အချက်အလက်ဆိုသည်မှာ အဘယ်နည်း။

ကိုယ်ရေးကိုယ်တာ အချက်အလက်ဆိုသည်မှာ သတင်းအချက်အလက်တစ်ခုထဲဖြစ်စေ (သို့မဟုတ်) ပေါင်းစည်းထားသော သတင်းအချက်အလက်များဖြစ်စေ ထိုမှတဆင့် သင့်အား လူပုဂ္ဂိုလ်တစ်ဦးအဖြစ် ခွဲခြားသတ်မှတ်သိရှိစေနိုင်သော သင်၏အမည်၊ ဖုန်းနံပါတ်၊ မေးလ်လိပ်စာ၊ အီးမေးလ်နှင့် အခြားသော သင်အား ကျိုးကြောင်းဆီလျော်စွာချိတ်ဆက် ဖော်ပြနိုင်သည့် သတင်းအချက်အလက်များကို ဆိုလိုသည်။

မည်သည့်အချက်အလက်များကို ကောက်ခံ၍ ၎င်းတို့ကို မည်ကဲ့သို့ အသုံးပြုမည်နည်း။

DAWN အနေဖြင့် ဤ ဝက်ဘ်ဆိုက် မှတစ်ဆင့် မည်သည့် ကိုယ်ရေးကိုယ်တာ အချက်အလက်ကိုမှ ကောက်ခံစုဆောင်းသွားမည် မဟုတ်ပါ။
ဤ ဝက်ဘ်ဆိုက်ကို သင် အသုံးပြုသည့်အချိန်တွင် သင်၏ အင်တာနက်(IP) လိပ်စာ၊ သင်ရှာဖွေကြည့်ရှု့သွားသော သတင်းအချက်အလက်၊ သုံးစွဲသည့် စက်ပစ္စည်းအမျိုးအစား၊ cookies မှကောက်ခံရရှိသော အချက်အလက်များ၊ အသုံးပြုသည့် ရက်စွဲနုှင့် အချိန်၊ ဝင်ရောက်ကြည့်ရှု့ခဲ့သည့် ဝက်ဘ်ဆိုက်ပေ့ချ်များ နှင့် အခြားအသုံးပြု ဝင်ရောက်ခဲ့သည့်ဖိုင်များ စသည့်အချက်အလက်များကို အလိုအလျောက် ကောက်ခံစုဆောင်းသွားပါသည်။ ထိုသတင်းအချက်အလက်များကို ကိုယ်ရေးကိုယ်တာ ကိစ္စရပ်များ အတွက် အသုံးပြုသွားမည်မဟုတ်ဘဲ၊ ဝက်ဘ်ဆိုက်ကို လေ့လာမှုပြုသည့်အခါနှင့် စီမံထိန်းချုပ်ခြင်း ပြုလုပ်သည့်အခါများတွင်သာ အဓိကအသုံးပြုသွားမည်ဖြစ်ပါသည်။
Scroll to Top