Smart Certification ခရီးဆီသို့ လျှောက်လှမ်းခြင်း (သို့) ၂၀၂၁ တွင် စိုက်ထူခဲ့သော DAWN ၏မှတ်တိုင်

DAWN သည် (၂၀၀၂) ခုနှစ်တွင် Save the Children ၏အစီအစဉ်တစ်ခုအဖြစ် စတင်ခဲ့ကတည်းကပင်ကျွန်ုပ်တို့ ဝန်ဆောင်မှုပေးနေသော မိသားစုများ၏ လူနေမှုဘဝများကို မြှင့်တင်ပေးခြင်းအားဖြင့် မြန်မာနိုင်ငံ တွင်အကောင်းဆုံးသော အသေးစားငွေကြေးဝန်ဆောင်မှုအဖွဲ့အစည်းတစ်ခုဖြစ်ရန်ဟူသော မျှော်မှန်းချက် အတိုင်း တည်ထောင်ခဲ့ပါသည်။ (၂၀၁၅) ခုနှစ်တွင် Accion International, Dutch Development Bank ဖြစ်သည့် (FMO) နှင့် Triodos Invesment Management တို့သည် DAWN တွင် ရင်းနှီးမြှုပ်နှံ၍ သီးခြားလွတ်လပ်သော အသေးစားငွေရေးငွေကြေးဝန်ဆောင်မှု အဖွဲ့အစည်းတစ်ခုအဖြစ် တည်ထောင်ခဲ့ ပါသည်။ ထိုအချိန်မှစတင်ပြီး DAWN ကို နိုင်ငံတကာတွင် ကျင့်သုံးလျက်ရှိသည့် အကောင်းဆုံးသော လုပ်ထုံးလုပ်နည်းများအတိုင်း အကောင်အထည်ဖော်ဆောင်ရွက်လျက်၊ ဆန်းသစ်တီထွင်မှုရှိသည့် ငွေကြေး ဝန်ဆောင်မှုများကို တိုးတက်အောင်လုပ်ဆောင်ပြီး၊ မြန်မာနိုင်ငံ၏ ဖွံဖြိုးတိုးတက်ရေးအခန်းဂဏ္ဍတွင်လည်း ပါဝင်ခဲ့ပါသည်။ လွန်ခဲ့သောနှစ်များစွာကပင်၊ Save the Children နှင့် ၎င်းရှယ်ယာရှင်အသစ်များ၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် DAWN သည် မြန်မာနိုင်ငံသားများအတွက်  မြန်မာလူမျိုးများဦးစီး၍ လုပ်ငန်း လည်ပတ်သည့် မြန်မာနိုင်ငံ၏ ရှေ့ပြေးဦးဆောင်လျက်ရှိသော အသေးစားငွေရေးကြေးရေး အဖွဲ့အစည်း တစ်ခုဖြစ်လာခဲ့ပြီး၊

အဖွဲ့ဝင်ဗဟိုပြုနည်းစနစ်ဖြင့် DAWN အဖွဲ့ဝင်များကို အရည်အသွေးမြင့်ငွေကြေး ဝန်ဆောင်မှုကို ဝန်ဆောင်မှုပေးရန် ကတိကဝတ်ပြုထားသော အဖွဲ့အစည်းလည်းဖြစ်ပါသည်။

တာဝန်ယူတာဝန်ခံမှုရှိသော ငွေကြေးအဖွဲ့အစည်းတစ်ခုဖြစ်သည်နှင့်အညီ၊ DAWN သည် Smart Campaign ကို အားပေးထောက်ခံပြီး အဖွဲ့ဝင်အကာအကွယ်ပေးရေးမူဝါဒ(CPP)ကို လုပ်ငန်းစတင်သည်မှစ၍ ဌာနခွဲ ဝန်ထမ်းများ လုပ်ငန်းခွင်ထဲတွင် လုပ်ငန်းဆောင်ရွက်သည်မှအလယ် ရုံးချုပ်မှထောက်ပံ့ကူညီသည့်အပိုင်း မှအဆုံး လိုက်နာကျင့်သုံးလျက်ရှိသည်။ CPP အဓိကအခြေခံမူ()ချက်မှာ () သင့်လျော်သောထုတ်ကုန် ဒီဇိုင်းနှင့်ဝန်ဆောင်မှု၊ () ကြွေးနွံ့နစ်ခြင်းမှကာကွယ်ပေးခြင်း၊ () ပွင့်လင်းမြင်သာမှုရှိခြင်း၊ () သင့်တင့် လျောက်ပတ်သောဈေးနှုန်း၊ () တရားမျှတလေးစားမှုရှိသည့် နည်းလမ်းဖြင့် အဖွဲ့ဝင်များကိုဆက်ဆံခြင်း၊ () အဖွဲ့ဝင်များ၏ ကိုယ်ရေးကိုယ်တာအချက်အလက်များကို လုံခြုံစွာထိန်းသိမ်းထားရှိခြင်း၊ () ဝန်ဆောင်မှုနှင့် ပတ်သက်၍ တိုင်းကြားသည်များကို ဖြေရှင်းဆောင်ရွက်ပေးသည့် နည်းစနစ်ထားရှိခြင်း တို့ဖြစ်သည်။ လွန်ခဲ့သောနှစ်များမှစ၍ အဖွဲ့အစည်းအတွင်း လုပ်ငန်းဆိုင်ရာဆောင်ရွက်မှုများကို CPP စံနှုန်းနှင့် ကိုက်ညီအောင် ဆောင်ရွက်ခဲ့ပြီးနောက်၊ ယခုအခါတွင် DAWN သည် Smart Campaign ကို အားပေးထောက်ခံသည့် အဖွဲ့အစည်းအဖြစ်မှ Smart Certificate အသိအမှတ်ပြုလက်မှတ်ရရှိသည့် အဖွဲ့အစည်းဖြစ်လာခဲ့ပါသည်။

DAWN သည် Smart Certificate ရရှိရန်အတွက် CPP တိကျသေချာစွာ သတ်မှတ်ထားသော စံနှုန်းများနှင့် ကွဲလွဲမှုရှိသည့်အချက်များကို သက်ဆိုင်ရာ departmentအလိုက် ကိုယ်တိုင်ဆန်းစစ်ခဲ့ပြီးနောက်  Accompanied Self-Assessment (ASA)ကို ပြုလုပ်ခဲ့သည်။ (၂၀၂၀) အစပိုင်းတွင် DAWN တိုးတက်မှုနှင့် အနာဂတ်တွင်ဖြစ်ပေါ်လာမည့် ကွာဟချက်များကို လက်တွေ့ကျကျ လေ့လာဆန်းစစ်ရန်အတွက် လွတ်လပ်သော အသိအမှတ်ပြု အကဲဖြတ်သူများ၏ လမ်းညွှန်မှု ဖြင့် ASA ကို ပြုလုပ်ခဲ့ပါသည်။ နောက်ဆုံးနှင့် အရေးပါဆုံးသောအဆင့်တွင် ယခင်လေ့လာဆန်းစစ်မှုများမှရလဒ်နှင့် သင်ခန်းစာများအပေါ်သုံးသပ်၍ ကျန်ရှိသည့်လိုအပ်သည်များကို ကြိုတင်ပြင်ဆင်အစီအစဉ်ရေးဆွဲခဲ့ပြီး လုပ်ဆောင်အကောင်အထည် ဖော်ခဲ့ပါသည်။

အသိအမှတ်ပြုလက်မှတ်လျှောက်ထားသည့် လုပ်ငန်းစဉ်များကို အဆင်ပြေပြေ ချောချောမွေ့မွေ့လုပ်ဆောင် နိုင်ရန်တွက် CPP ကော်မတီကို အဖွဲ့အစည်းအတွင်းရှိ မတူညီသောဌာနအသီးသီးမှ ကိုယ်စားလှယ်များကို ရွေးချယ်သတ်မှတ်ပြီး ပေါင်းစပ်ညှိနှိုင်း၍ ဖွဲ့စည်းခဲ့ပါသည်။ အဆိုပါကော်မတီ၏ အဓိကလုပ်ငန်းတာဝန်မှာ ASA မှ ဆန်းစစ်တွေ့ရှိထားသည် နောက်ဆုံးကွာဟချက်များကို (၂၀၂၀) နိုဝင်ဘာလတွင် အပြီးသတ်ဆောင်ရွက် ပေးရန်ဖြစ်ပါသည်။

CPP ကော်မတီအဖွဲ့ဝင်တစ်ဦးဖြစ်သည့် ကျွန်ုပ်တို့၏ Operation Manager ဖြစ်သူ ဒေါ်စုငယ်ထွေးမှလည်း သူမ၏အတွေ့အကြုံများကို ယခုကဲ့သို့မျှဝေခဲ့ပါသည်။ကျွန်မအနေနဲ့ ပြင်ပလေ့လာဆန်းစစ်သူများမှ Smart Certificate အတွက် အကြံပြုသတ်မှတ်ပေးထားသောလိုအပ်ချက်များ အပါအဝင်  လုပ်ငန်းလည်ပတ်မှုဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို အဖွဲ့ဝင်အကာအကွယ်ပေးရေးမူဝါဒများနှင့်အညီ ပြင်ဆင်ပေးခဲ့ရပါတယ်။ DAWN အနေဖြင့် စတင်တည်ထောင်စဉ်ကတည်းကပင် CPP အခြေခံမူများနှင့် စံသတ်မှတ်ချက်များကို ကျင့်သုံးခဲ့တဲ့အတွက် စိန်ခေါ်မှုများများစားစားတော့မရှိခဲ့ပါဘူး။ ဒါပေမယ့် CPP စံသတ်မှတ်ချက်များအတိုင်း လုပ်ငန်းများဆောင်ရွက်လျက်ရှိကြောင်းကို သက်သေပြဖော်ပြနိုင်ဖို့အတွက် ကျွန်မတို့မှာ အထောက်အထား စာရွက်စာတမ်းများမရှိဘူး။ ဒီအတွက် ကျွန်မအနေနဲ့ CPP ကော်မတီအဖွဲ့ဝင်များနှင့် ပူးပေါင်း၍ မဖြစ်မနေလိုအပ်သော စာရွက်စာတန်းအထောက်အထားများပြင်ဆင်ခြင်း၊ လိုအပ်သောတရားဝင်ညွှန်ကြား ချက်များထုတ်ပြန်ခြင်းတို့ကို ဆောင်ရွက်ခဲ့ပါတယ်။ ထို့အတူ ဌာနခွဲဝန်ထမ်းများကို ညွန်ကြားချက်အသစ်များနှင့် ပတ်သတ်၍ ဆွေးနွေးမှုများပြုလုပ်ခဲ့ပြီး ၎င်းတို့အနေဖြင့် လက်တွေ့လုပ်ငန်းခွင်မှာ အမှန်တကယ်ဆောင်ရွက်မှု ရှိ၊ မရှိကိုလည်း စောင့်ကြည့်လေ့လာခဲ့ပါတယ်

ထိုကာလအတွင်း၊ DAWN နှင့် CPP ကော်မတီအနေဖြင့် မိမိတို့၏ နေ့စဉ်လုပ်ငန်းဆောင်တာများကို ဆက်လက်လုပ်ဆောင်ရင်း CPP နှင့်ပတ်သတ်၍ နောက်ဆုံးလိုအပ်ချက်များ အကောင်ထည်ဖော်ဆောင်ရွက် သည့်နေရာတွင် စိန်ခေါ်မှုများရင်ဆိုင်ခဲ့ရသည်သာမက COVID-19 ကပ်ရောဂါကိုလည်း တပြိုင်နက်တည်း ကြုံတွေ့ခဲ့ရသည်။ DAWN အနေဖြင့် COVID-19 ကြောင့်ဖြစ်ပေါ်လာသည့် စိန်ခေါ်မှုများကို ကိုင်တွယ်ဖြေရှင်း

ဆောင်ရွက်ခဲ့ဲပြီး အဖွဲ့ဝင်အကာအကွယ်ပေးရေးလုပ်ထုံးလုပ်နည်းများကို ဆက်လက်လိုက်နာ ကျင့်သုံးခဲ့ပါသည်။ DAWN ကပ်ရောဂါကာလ တန်ပြန်ဆောင်ရွက်ချက်များအနေဖြင့် သက်ဆိုင်ရာအာဏာပိုင်များ၏ သတ်မှတ်ထားသော ကျန်းမာရေးစည်မျဉ်းစည်ကမ်းချက်များနှင့်အညီ ချေးငွေသစ်ထုတ်ပေးခြင်း၊ ပြန်ဆပ်ငွေ ကောက်ခံခြင်းစသည့် လုပ်ထုံးလုပ်နည်းအချို့ကို ပြင်ဆင်ဆောင်ရွက်ခြင်းများပြုလုပ်ခဲ့ပါသည်။ ထို့အပြင် ခက်ခဲ သောကာလအတွင်း အဖွဲ့ဝင်များအတွက် အထောက်အကူဖြစ်စေရန် လက်ရှိအခြေအနေနှင့် ကိုက်ညီမည့် ချေးငွေအမျိုးအစားသစ်များထုတ်ပေးခြင်း၊ ပြန်ဆပ်ငွေများကို ရွှေ့ဆိုင်းပေးခြင်း၊ ငွေမကြေမီချေးငွေသစ်ထပ် ထုတ်ပေးခြင်းနှင့် အဖွဲ့ဝင်များနှင့် ဝန်ထမ်းများအတွက် မဖြစ်မနေလိုအပ်သော ကျန်းမာရေးဆိုင်ရာကြိုတင် ကာကွယ်ရေးခြင်းများ စီမံဆောင်ရွက်ခဲ့ပါသည်။

တခြားကော်မတီဝင်တစ်ဦးဖြစ်သူ Deputy Training Manager ဒေါ်ဂျူလီယာခမ်း မှလည်း ကပ်ရောဂါကာလ အတွင်း Training အဖွဲ့အနေဖြင့် CPP နှင့်ပတ်သတ်သော Training များဆောင်ရွက်ခဲ့ရာတွင် ကြုံတွေ့ခဲ့ရသည့် အခက်အခဲစိန်ခေါ်မှုများကို မည်သို့ကျော်လွှားခဲ့သည် နှင့်ပတ်သတ်ပြီး COVID-19 ကပ်ရောဂါကာလတွင် မိမိတို့အနေနဲ့ online training ပေးခဲ့ကြောင်း၊ သို့သော် အင်တာနက်ကော်နက်ရှင်များ အဆင်မပြေဖြစ်ခြင်း၊ traing ကာလနှင့်ပတ်သက်ပြီး အချိန်လုံလောက်မှုမရှိခြင်း၊ အချို့ကန့်သက်ချက်များကြောင့် training လုပ်ငန်းစဉ်များတွင် အကောင်ထည်ဖော်ဆောင်ရွက်ရာတွင် နှောင့်နှေးမှုများနှင့် အခက်အခဲများကြုံခဲ့ရကြောင်း ပြောပြခဲ့ပါသည်။ သို့သော်လည်း မည်သို့ပင်ဖြစ်စေကာမူကျွန်မတို့ရဲ့ အသင်းအဖွဲ့စိတ်ဓာတ်၊ ဇွဲလုံလဝရိယ တို့နဲ့ အခက်အခဲများအားလုံးကို အောင်မြင်စွာကျော်ဖြတ်နိုင်ခဲ့ပါတယ်ဟု ပြောကြားခဲ့ပါတယ်။

အဆုံးသတ်မှာတော့ ကျွန်ုပ်တို့အားလုံး၏ အားစိုက်ထုတ်မှုများ၊ ကတိကဝတ်များ၊ မဆုတ်မနစ်ကြိုးပမ်း ဆောင်ရွက်မှုများကြောင့် ထိုက်တန်တဲ့ရလဒ်တစ်ခု ကိုအောင်မြင်စွာရရှိခဲ့ပါသည်။ (၂၀၂၁) ခုနှစ် မတ်လတွင် DAWN အနေဖြင့် “Smart Campaign Client Protection Certification” ကို ဂုဏ်ယူစွာဖြင့် လက်ခံရရှိခဲ့ပါသည်။ ယခုဆိုလျှင် ယုံကြည်စိတ်ချရသော ဘဏ္ဍာရေးမိတ်ဖက်အဖြစ်၊ အဖွဲ့ဝင်အကာကွယ် ပေးရေးဥပဒေဿများကို လေးစားလိုက်နာမှုရှိသော အဖွဲ့အစည်းတစ်ခုအဖြစ် ဖော်ပြနိုင်ရန်အတွက် ကမ္ဘာအဆင့် အသိအမှတ်ပြုလက်မှတ်ကို ရရှိခဲ့ပြီပဲ ဖြစ်ပါသည်။ မုဒုံဌာနခွဲမန်နေဂျာဖြစ်သူမှလည်း Smart Certification ရရှိမှုနှင့်ပတ်သတ်၍ သူမ၏ဝမ်းသာပျော်ရွှင်မှုကို ယခုလိုပဲမျှဝေခဲ့ပါသည်။ “Smart Certification ဟာ နိုင်ငံတကာအသိအမှတ်ပြု ဆုတံဆိပ်ဖြစ်တဲ့အတွက် DAWN အနေနဲ့ အခုလိုအသိအမှတ်ပြု လက်ခံရရှိတာကို အလွန်ပဲဂုဏ်ယူဝမ်းမြောက်ပါတယ်။ အခုလိုအသိအမှတ်ပြုမှု ရရှိထားတဲ့ကုမ္ပဏီရဲ့ ဝန်ထမ်းတစ်ဦးဖြစ်ရတဲ့အတွက် အရမ်းပဲဝမ်းသာပါတယ်။ ဒီအသိအမှတ်ပြုလက်မှတ် က DAWN ရဲ့ပုံရိပ်ကိုလည်း မြင့်တက်စေမယ်လို့ ယုံကြည်ပါတယ်

ဆက်လက်ဖြစ်ပွားနေသော စိန်ခေါ်မှုများနှင့် ယခုကဲ့သို့ မသေချာမရောရာသည့် အချိန်ကာလတွင် DAWN အနေဖြင့် အောင်မြင်မှုမှတ်တိုင်တစ်ခု စိုက်ထူနိုင်ခြင်းမှာ ကံကောင်းသည်ဟု ခံစားမိပါသည်။ ယခုကဲ့သို့အောင်မြင်မှုရရှိရန် ကြိုးစားခဲ့စဉ်ကာလတစ်လျှောက် ကူညီပေးခဲ့ကြသည့် ကျွန်ုပ်တို့၏ အဖွဲ့ဝင်များ၊ မိတ်ဖက်များနှင့် အခြားကူညီပံ့ပိုးပေးသူများအားလုံးကို အထူးပင်ကျေးဇူးတင်ရှိ ပါသည်။ အထူးအားဖြင့် Accion Technical Assistance the Social Performance Task Force (SPTF)’s Responsible Inclusive Finance Facility for Southeast Asia (RIFF-SEA) နှင့် MicroFinanza Rating (MFR) တို့၏ တိုက်ရိုက်ကူညီပေးမှုကို အထူးပင်ကျေးဇူးတင်ရှိပါသည်။

 

Scroll to Top