IL Loan Officer (Mawlamyine, Mudon, Hpa-An, Bago, Meikhtila, Kawa, Letpadan, Lewe, Monywa, Naunghkio, Yamethin, Kyaukse)

Early Dawn Microfinance Company သည် လက်ရှိတွင် မြန်မာနိုင်ငံတဝှမ်းရှိ ဌာနခွဲပေါင်း ၆၂ ခု၌ အဖွဲ့ဝင်ပေါင်း ၂၇၀၀၀၀ ကျော်ကို ချေးငွေဝန်ဆောင်မှုပေးနေသည့် အောင်မြင်နေသော အသေးစား ငွေရေးကြေးရေးလုပ်ငန်း အဖွဲ့အစည်း တစ်ခုဖြစ်ပါသည်။ ကျွန်ုပ်တို့အဖွဲ့အစည်းသည် ဝန်ထမ်းပေါင်း ၉၀၀ ကျော်နှင့်အတူ မြန်ဆန်စွာ ဖွံ့ဖြိုးတိုးတက်လျက်ရှိပြီး မြို့နယ်အသစ်များတိုးချဲ့ရန်  ထူးချွန်ထက်မြက်သော ဝန်ထမ်းအင်အားများ ဖြည့်တင်းရန် လိုအပ်နေပါသည်။ DAWN သည် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနတွင် မှတ်ပုံတင်ထားရှိပြီး ငွေရေးကြေးရေး ကြီးကြပ်စစ်ဆေးရေးဦးစီးဌာနမှ အသိအမှတ်ပြုလိုင်စင်ရရှိထားသော အဖွဲ့အစည်းတစ်ခုဖြစ်သည်။ အသေးစား စီးပွားရေးလုပ်ငန်းများနှင့် စိုက်ပျိုးရေးဆိုင်ရာရည်ရွယ်ချက်များအတွက် ချေးငွေဝန်ဆောင်မှုပေးနေသော အဖွဲ့အစည်း တစ်ခုအဖြစ် ရပ်တည်လျက်ရှိသည်။

JOB PROFILE

Job Title : Individual Lending Loan Officer (IL Loan Officer)
Location : Mawlamyine, Mudon, Hpa-An, Bago-2, Meikhtila, Kawa, Letpadan, Lewe, Monywa, Naunghkio, Yamethin, Kyaukse
Number of Positions : 13
Type of Contract : Open
Reports to : Individual Lending Supervisor

JOB PURPOSE

Prospect, promote, identify and recruit potential clients for DAWN´s Individual Lending Unit. Conduct financial appraisal of business, follow-up clients in arrears and provision of strong customer service. Build and maintain a healthy portfolio of individual loans.

ဤရာထူးသည် DAWN ၏ တစ်ဦးချင်းချေးငွေဌာနအတွက် အလားအလာရှိသော ချေးငွေယူမည့်သူများကို ရှာဖွေ စုဆောင်းရရှိရေး၊ စီးပွားရေးလုပ်ငန်း၏ ငွေကြေးဆိုင်ရာစစ်တမ်းကောက်ယူရရှိရေး၊ ချေးငွေများထုတ်ပေးရန် နှင့် ပြန်လည်ကောက်ခံရေး၊ ပြည့်ဝသော ချေးငွေဝန်ဆောင်မှုများပေးနိုင်ရေး၊ တစ်ဦးချင်းအလိုက် ချေးငွေအရည်အသွေး ထိန်းသိမ်းရေးနှင့်ပတ်သက်၍ သတ်မှတ်ထားသော လစဉ်နှင့် နှစ်စဉ်လျာထားချက်များ ပြည့်မီရေးအတွက် တာဝန် ရှိသည်။

JOB DESCRIPTION

  • Conduct promotional activities and identify potential clients of the specific market segment for the Individual Lending Unit in his/her sales territory.
  • သတ်မှတ်ထားသော နယ်မြေဒေသအတွင်း တစ်ဦးချင်းချေးငွေဌာနအတွက် ဈေးကွက်ဖော်ဆောင်ရေး လုပ်ငန်းစဉ်များ  ဆောင်ရွက်ခြင်းနှင့် တိကျခိုင်မာသော ဈေးကွက်အတွင်းရှိ အလားအလာရှိသော ချေးငွေယူမည့် သူများ ရှာဖွေစုဆောင်းရရှိရေး။
  • Ensure data and information in loan applications is accurate and of acceptable quality, and ensure also authenticity of documentation.
  • ချေးငွေလျှောက်လွှာတွင် မှန်ကန်တိကျမှုရှိပြီး လက်ခံနိုင်စွမ်းရှိသော သတင်းအချက်အလက်များ ကောက်ခံရရှိနိုင်အောင် ဆောင်ရွက်ခြင်းနှင့် စာရွက်စာတမ်းများ မှန်ကန်မှု ရှိ/ မရှိ သေချာစွာ စစ်ဆေး ကောက်ယူခြင်း။
  • Conduct site visits and reference checks at and around client’s business premises to verify business operations.
  • ငွေချေးသူ၏ လုပ်ငန်းလည်ပတ်မှုကို အတည်ပြုစစ်တမ်းကောက်ယူနိုင်ရန်အတွက် လုပ်ငန်းပရဝုဏ် နှင့် အနီးတဝိုက်တွင် သွားရောက်လည်ပတ် စစ်ဆေးခြင်းများ ပြုလုပ်ခြင်း။
  • Conduct home verification visits and reference checks to verify the residency of potential customers.
  • အလားအလာရှိသော ငွေချေးသူ၏ နေအိမ်သို့ သွားရောက်၍ ၎င်းပေးအပ်ထားသည့် အိမ်ထောင်စုပိုင်ဆိုင်ပစ္စည်း စာရင်း အသေးစိတ်ကို စစ်ဆေးခြင်း။
  • Evaluate the willingness and capacity to repay of new and existing clients following DAWN’s loan evaluation methodology.
  • DAWN မှချမှတ်ထားသော နည်းလမ်းအတိုင်း ချေးငွေယူသူ အသစ် နှင့် အဟောင်းတို့၏ ပြန်ဆပ်လိုစိတ် နှင့် ပြန်ဆပ်နိုင်စွမ်းများကို ချင့်ချိန်ခန့်မှန်းနိုင်ခြင်း။
  • Participate in credit committees presenting loan recommendations for approval.
  • ချေးငွေခွင့်ပြုရန်အတွက် ချေးငွေစိစစ်အကဲဖြတ်အဖွဲ့နှင့်အတူ ဆွေးနွေးထောက်ခံခြင်းများတွင်လည်း ပါဝင် ခြင်း။
  • Develop business relationship with clients to support their business success and cultivate loyalty to DAWN.
  • ငွေချေးသူများ၏ စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်အောင် ကူညီပံ့ပိုးနိုင်ရန်အတွက် ငွေချေးသူများနှင့် ပေါင်းသင်းဆက်ဆံရေး ကောင်းမွန်ခြင်း။
  • Monitor client’s business progress to identify any potential problems.
  • ဖြစ်ပေါ်လာနိုင်သော ပြဿနာများကို သိရှိနိုင်ရန် ငွေချေးသူ၏ လုပ်ငန်းတိုးတက်မှုကို စဉ်ဆက်မပြတ် လေ့လာစောင့်ကြည့်ခြင်း။
  • Manage and recover late payments according to institutional procedures.
  • အဖွဲ့အစည်း၏ ချမှတ်ထားတဲ့ လုပ်ငန်းစဉ်အညီ ငွေနောက်ကျမှု ပြဿနာကို ကိုင်တွယ်ဖြေရှင်းနိုင်ခြင်း။
  • Assist to Manager to achieve targeted result regarding active borrowers and outstanding loan portfolio of branch
  • ဌာနမှ ချမှတ်ထားသော လျာထားချက်များဖြစ်သည့် ချေးငွေယူသူများ၊ ထုတ်ချေးမည့် ငွေပမာတိုးမြှင့်နိုင်ခြင်း များ ပြည့်မှီနိုင်ရန်အတွက် မန်နေဂျာအား ကူညီပံ့ပိုးပေးနိုင်ခြင်း။
  • Perform other tasks as assigned by supervisor.
  • ကြီးကြပ်သူ၏ညွှန်ကြားချက်အတိုင်း တခြားသောတာဝန်များ ထမ်းဆောင်နိုင်ခြင်း။

PERSON SPECIFICATIONS

  • Myanmar national.
  • မြန်မာနိုင်ငံသားဖြစ်ရမည်။
  • University graduate in finance, economics, accounting or related
  • တက္ကသိုလ်တစ်ခုခုမှ စီပွားရေး (သို့) ငွေကြေးစီမံခန့်ခွဲရေး (သို့) စာရင်းအင်းတို့ နှင့် ပတ်သက်ဆက်နွယ်သော ဘွဲ့တစ်ခုခုရရှိထားသူဖြစ်ရမည်။
  • One year working experience as microfinance individual loan officer or in retail banking or sales preferably in the specific market segment for the Individual Lending Unit.
  • တစ်ဦးချင်းချေးငွေအရာရှိရာထူးဖြင့် အနည်းဆုံး တစ်နှစ် အတွေ့အကြုံရှိရမည် (သို့) တစ်ဦးချင်းအလိုက် ချေးငွေလုပ်ငန်းတွင် တိကျခိုင်မာသော ဈေးကွက်အတွင်း ဝန်ဆောင်မှုပေးခဲ့ဖူးသော အတွေ့အကြုံ ရှိရမည်။
  • Excellent service and communication skills.
  • ပေါင်းသင်းဆက်ဆံရေး နှင့် ဝန်ဆောင်မှုပေးနိုင်ခြင်းအပေါ် အထူးကောင်းမွန်ရမည်။
  • Computer proficiency in word processing and spreadsheets.
  • ကွန်ပြူတာကျွမ်းကျင်စွာ အသုံးပြုနိုင်သူဖြစ်ရမည်။
  • Strong financial analysis skills.
  • ငွေကြေးနှင့်သက်ဆိုင်သော စိစစ်တွက်ချက်မှုများ ကျွမ်းကျင်ပိုင်နိုင်ရမည်။
  • Strong intuition; able to assess character of potential clients.
  • အလားအလာရှိသော ငွေချေးသူ၏ စရိုက်လက္ခဏာများကို လေ့လာအကဲဖြတ်နိုင်စွမ်းရှိရမည်။
  • Willingness to work in low-income neighborhoods and spend long time in the field.
  • လုပ်ငန်းလိုအပ်ချက်အရ ဆင်ခြေဖုံးရပ်ကွက်များအတွင်း အချိန်ကြာမြင့်စွာ သွားရောက်လုပ်ကိုင်လိုစိတ်ရှိရမည်။

TO APPLY

Interested and qualified candidates are requested to send an Application Letter, Curriculum Vitae to: jobs@dawn.com.mm or HR Department phone no – 09 457750916 (Viber), No.587, 3rd Floor, The Regency Offices, Pyay Road, 2nd Ward, Kamaryut Township, Yangon not later than 5 P.M. 28th, March, 2024 (Thursday).

Note: Candidates are also requested to mention in the applications if there is, blood/marriage relationships with the existing DAWN employees and please identify two reference persons. No requirement of photo or copy of certificates and only short-listed candidates will be contacted.

To apply for this job email your details to jobs@dawn.com.mm

Scroll to Top