၂၀၁၉ခုနှစ် အကောင်းတကာ့ အကောင်းဆုံးထဲမှ Myanmar Employer Award ဆုပေးပွဲအခမ်းအနား

Myanmar Employer Award ဆုပေးပွဲ အခမ်းအနားသည် စီမံချက်ရေးဆွဲခြင်းနှင့် ထိရောက်သည့် အတော်ဆုံးလူများ လက်တွေ့ကျင့်သုံးမှု အကောင်အထည်ဖော် ဆောင်ရွက်ခြင်းတွင် စံနမူနာပြသော မြန်မာနိုင်ငံတဝှမ်းရှိ ထိပ်တန်း လုပ်ငန်းနယ်ပယ် ဦးဆောင်သူများကို နှစ်စဉ်ဂုဏ်ပြုချီးမြှင့်ရန် ကျင်းပခြင်းဖြစ်သည်။
ယခုနှစ်တွင် DAWN သည် မြန်မာနိုင်ငံရှိ ပြည်တွင်း ထိပ်တန်းလုပ်ငန်းရှင် တစ်ဦးအနေဖြင့် လူတိုင်းပါဝင်သော စိတ်ရောကိုယ်ပါ လေ့ကျင့်မှုဖြင့်တိုးတက် ကောင်းမွန်သော လုပ်ငန်းခွင်တစ်ခု ဖန်တီးပေးခြင်း၊ ဝန်ထမ်းများ၏ စိတ်ရောကိုယ်ပါ ဆောင်ရွက်မှုများနှင့် ထူးခြားသည့် အရည်အချင်းပြည့်ဝသော စီမံခန့်ခွဲမှုအတွက် အသိအမှတ်ပြု ချီးမြှင့်ခံခဲ့ရပါသည်။ ပထမနှစ်တွင် Internal Marketing for Company Pride (Silver), Most Effective Recruitment Strategy for Talent Attraction (Bronze) နှင့် Best Use of Career Advancement Programs (Bronze) စသည့် ၂၀၁၉ခုနှစ် Myanmar Employer Award မှ ပြည်တွင်းလုပ်ငန်းအမျိုးအစားအတွက် ပေးအပ်သော ဆုသုံးဆုစလုံးကို DAWN က လက်ခံရရှိခဲ့ပါသည်။
ကျွန်ုပ်တို့၏ အဖွဲ့အစည်းနှင့်ပတ်သက်၍ အသိအမှတ်ပြု ဆုချီးမြှင့်ခံရသည့်အတွက် ကျွန်ုပ်တို့အနေဖြင့် အတိုင်းမသိ ဂုဏ်ယူဝမ်းမြောက်ရပါသည်။ ကျွန်ုပ်တို့သည်ရှေ့နှစ်တွင် နောက်ထပ်များစွာသော ဆုများကို ပိုက်၍ ပြန်လာနိုင်ရန် အတွက် ပို၍ပင် စိတ်အားတက်မိပါသည်။ တင်သွင်းမှုများ ကြိုတင်ပြင်ဆင်ရာတွင် ညမအိပ်ဘဲ အချိန်ပို အလုပ်လုပ်ခဲ့ရုံမျှမကဘဲ နိုင်ငံတကာ လက်တွေ့ကျင့်သုံးမှုများအပေါ် တိုးချဲ့ထပ်ဖြည့်ထားသည့် ထက်သန်တက်ကြွသော လုပ်ငန်းခွင်ပတ်ဝန်းကျင်ကို ဖန်တီးပေးပြီး ယခုနှစ်များတွင် DAWN ကို ထူးခြားမှုရှိစေရန် ကြိုးပမ်းဆောင်ရွက်ခဲ့မှုများ အတွက်လည်း ကျွန်ုပ်တို့၏ ထူးချွန်ထက်မြက်သော အဖွဲ့ကို ကျေးဇူးတင်ရှိကြောင်း ပြောကြားလိုပါသည်။
Scroll to Top