Dawn Microfinance မှ ဝန်ထမ်းများ စုပေါင်းသွေးလှူဒါန်းခြင်း

၂၀၂၄ခုနှစ်၊ သြဂုတ်လ (၇)ရက်နေ့တွင် DAWN Microfinance ၏ လူမှုအဖွဲ့အစည်းအတွက် အကျိုးပြုလုပ်ငန်းစဉ်များထဲမှ တစ်စိတ်တစ်ပိုင်း အနေဖြင့် DAWN မှ ဝန်ထမ်းများ စုပေါင်းကာ အမျိုးသားသွေးလှူဘဏ်၌ သွေးလှူဒါန်းခဲ့ကြပါသည်။ သွေးလှူဒါန်းမှုတစ်ခုသည် အသက်အရွယ်၊ ကျား၊ မ မရွေး အမှန်တစ်ကယ် သွေးလိုအပ်နေသော လူနာများ၏ အသက်ကို ကယ်တင်နိုင်မှာဖြစ်သည့်အပြင် လူနာရှင်များအတွက်လဲ အထောက်အကူပြုနိုင်မှာဖြစ်ပါသည်။ ဤကဲ့သို့ မွန်မြတ်လှသော သွေးလှူဒါန်းခြင်းကို ကျွန်ုပ်တို့အနေဖြင့် ပါဝင်အထောက်အကူပြုနိုင်ခြင်းအတွက် များစွာဂုဏ်ယူဝမ်းမြောက်မိပါသည်။ ကျွန်ုပ်တို့သွေးဖြင့် တစ်ပါးသူ အသက်ဆက်လက် တည်ရှိနိုင်ရန် ပါဝင်အထောက်အကူ ပြုနိုင်သော မြင့်မြတ်လှသည့် သွေးလှူဒါန်းမူတွင် ပါဝင်ဆောင်ရွက်ပေးခဲ့ကြသော DAWN ၏ ဝန်ထမ်းများအားလုံးနှင့် ကူညီဆောင်ရွက်ပေးကြသော အမျိုးသားသွေးလှူဘဏ်မှ ဆေးဘက်ဆိုင်ရာကျွမ်းကျင်ပညာရှင်များအားလုံးကို DAWN Microfinance မှ လေးနက်စွာ ကျေးဇူးတင်ရှိပါသည်။

DAWN Microfinance ကုမ္ပဏီ၏ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကျင်းပ

DAWN Microfinance ကုမ္ပဏီ၏ ဝန်ထမ်းမိသားစုများ စုပေါင်း၍ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ၂ရက်၊ သြဂုတ်၊ ၂၀၂၄ နေ့လည်တွင် DAWN ရုံးချုပ်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ ရှေးဦးစွာ ဆရာတော် သံဃာတော်များက ပရိတ်တရားတော်နှင့် အနုမောဒနာတရားများကို ဟောကြား ချီးမြှင့်ပြီးနောက် ကုမ္ပဏီဝန်ထမ်းများက ဆရာတော် သံဃာတော်တို့ကို ဝါဆိုသင်္ကန်း၊ ဆန်၊ ဆီ၊ ဆား၊ ဆေးနှင့် နဝကမ္မ လှုဖွယ်ဝတ္ထုအစုစုတို့ကို လှူဒါန်းခဲ့ကြပါသည်။ ထို့နောက် ကြွရောက်လာသော ဆရာတော် သံဃာတော်များအား နေ့ဆွမ်းဆက်ကပ် လှုဒါန်းခဲ့ကြပြီး ကုမ္ပဏီဝန်ထမ်းများကိုလည်း နံနက်စာ၊ နေ့လည်စာတို့ဖြင့် ကျွေးမွေးခဲ့ပါသည်။ ယနေ့ပြုလုပ်သော DAWN Microfinance ကုမ္ပဏီလီမိတက်၏ ကုသိုလ်ကောင်းမှု အဖို့ဘာဂတို့ကို DAWN ၏ အဖွဲ့ဝင်များ နှင့်တစ်ကွ နတ်လူသတ္တဝါအပေါင်းတို့အား သာဓုခေါ်ဆိုနိုင်စေရန်အတွက် အမျှကုသိုလ်ပေးဝေ …

DAWN Microfinance ကုမ္ပဏီ၏ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကျင်းပ Read More »

Early Dawn Microfinance ၏ BOD အစည်းအဝေးပွဲကျင်းပပြုလုပ်

Early Dawn Microfinance ၏ Quarterly BOD အစည်းအဝေးကို ၂၀၂၄ခုနှစ်၊ ဇူလိုင်လ (၉)ရက် နှင့် (၁၀)ရက် နေ့တို့တွင် DAWN ရုံးချုပ်၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ အစည်းအဝေးသို့ ဒါရိုက်တာများ၊ CEO, COO, CFO, Dy. CIO နှင့် Senior Management Team မှ ကိုယ်စားလှယ်များအားလုံး တက်ရောက်ခဲ့ကြပါသည်။ အစည်းအဝေးပွဲတွင် ပြီးခဲ့သည့် Quarter ၏ လုပ်ငန်း အခြေအနေများကို ပြန်လည်သုံးသပ်ပြီး လာမည့် Quarter နှင့် ယခုနှစ်အတွက် Strategic Roadmap စီစဉ်ထားရှိမှုတို့အပေါ် အဓိကထား ဆွေးနွေးခဲ့ကြသည်။ ထို့နောက် သက်ဆိုင်ရာ တာဝန်ရှိသူများ၏ အသေးစိတ်တင်ပြချက်များကို  တက်ရောက်လာကြသော ဒါရိုက်တာများက အလေးအနက် …

Early Dawn Microfinance ၏ BOD အစည်းအဝေးပွဲကျင်းပပြုလုပ် Read More »

UNCDF Workshop

၂၀၂၄ခုနှစ်၊ ဇွန်လ ( ၂၈)ရက်နေ့တွင် Wyndham Grand Hotel, Yangon ၌ UNCDF မှဦးစီးကျင်းပသော Digital Ecosystem and Agricultural Market Support Project (DEAM) Workshop သို့ Early Dawn Microfinance မှ Daw Nang Nyo Hla (COO) နှင့်အတူ ရုံးချုပ်ဌာနများရှိ တာဝန်ရှိသူများက တက်ရောက်ခဲ့ပါသည်။ ရှေးဦးစွာ UNCDF မှတာဝန်ရှိသူများက အဖွင့်မှာစကားပြောကြားပြီး ယခု Workshop ၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားပေးခဲ့ကြပါသည်။ ထို့နောက် တက်ရောက်လာကြသော MFI Company များ၏ တာဝန်ရှိသူများက Digitalization နှင့်ပတ်သက်ပြီး မိမိတို့ရင်ဆိုင်ရသော အခက်အခဲများ၊ အတွေ့အကြုံများ နှင့် …

UNCDF Workshop Read More »

Early Dawn Microfinance ၏ မြန်မာ့နှစ်သစ်ကူးသင်္ကြန် အကြိုပွဲတော်ကျင်းပပြုလုပ်

၂၀၂၄ခုနှစ်၊ ဧပြီလ (၁၁)ရက်နေ့တွင် Early Dawn Microfinance မှ မြန်မာ့နှစ်သစ်ကူး သင်္ကြန်အကြိုပွဲတော်ကို ရုံးချုပ်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ သင်္ကြန်အကြိုပွဲတော်အဖြစ် ရုံးချုပ်၊ ဌာနအသီးသီးမှ ဝန်ထမ်းများအတူတကွ စုပေါင်းပြီး Game ကစားခြင်း၊ ဆုချီးမြှင့်ခြင်းနှင့် သင်္ကြန်မုန့်လုံးရေပေါ်၊ ရွှေရင်အေးတို့ကိုလည်း ပျော်ရွှင်စွာ စားသောက်ခဲ့ကြပါသည်။ ထို့အပြင် Dawn Microfinance ၏ Chief Executive Officer, ဒေါ်ခင်သီတာ က အမှတ်တရ စကားပြောကြားပေးခဲ့ပြီးနောက် ဝန်ထမ်းများအားလုံးကို ပျော်ရွှင်စရာမြန်မာ့နှစ်သစ်ကူးအချိန်အခါ ဖြစ်ပါစေကြောင်း ဆုမွန်ကောင်းများတောင်းပေးခဲ့ပါသည်။ အလားတူ သင်္ကြန်နှစ်သစ်ကူးအကြိုပွဲတော်များကို မြန်မာတစ်နိုင်ငံလုံးရှိ ဌာနခွဲများ အားလုံးတွင်လည်း အတူတစ်ကွ ဆင်နွှဲနိုင်ကြစေရန်အတွက် စီစဉ်ဆောင်ရွက်ပေးခဲ့ပါသည်။ Dawn Microfinance ၏ ပျော်ရွှင်ဖွယ်ရာ မြန်မာ့နှစ်သစ်ကူးသင်္ကြန်အကြိုပွဲတော် အခိုက်အတန့် ပုံရိပ်များကို မျှဝေရင်း မြန်မာပြည်သူပြည်သားများ …

Early Dawn Microfinance ၏ မြန်မာ့နှစ်သစ်ကူးသင်္ကြန် အကြိုပွဲတော်ကျင်းပပြုလုပ် Read More »

DAWN Microfinance ၏ (၉)နှစ်ပြည့် နှစ်ပတ်လည်အထိမ်းအမှတ်ပွဲကျင်းပ

Early Dawn Microfinance ၏ (၉)နှစ်ပြည့် နှစ်ပတ်လည်အထိမ်းအမှတ်ပွဲကို ၂၀၂၄ခုနှစ်၊ မတ်လ (၂၂)ရက်နေ့တွင် ရန်ကုန် (ရုံးချုပ်)၌ ကျင်းပပြုလုပ်ခဲ့ပါတယ်။ အခမ်းအနားတွင် DAWN ၏ CEO, Dy CEO နှင့် Dy CFO တို့က DAWN (၉)နှစ်ပြည့်မြောက်ခြင်းအတွက် ဝမ်းသာဂုဏ်ယူမိပါကြောင်းနှင့် ယနေ့အချိန်အထိ DAWN နဲ့အတူ လက်တွဲပြီး အတူကြိုးစားဖြတ်သန်းပေးခဲ့ကြသူများအားလုံးကို အသိအမှတ်ပြုဂုဏ်ပြုပါကြောင်း၊ လာမည့်နှစ်တွင်လည်း DAWN အနေဖြင့် ယခုထက် ပိုမိုတိုးတက်အောင်မြင်လာစေရေး၊ Clients များကို ပိုမိုဝန်ဆောင်မှုပေးနိုင်ရေးအတွက် အတူတကွ ဆက်လက်ကြိုးစားဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပြီးနောက် (၉)နှစ်ပြည့် အမှတ်တရ အထိမ်းအမှတ်ကိတ်မုန့်ကို အတူတကွ ခွဲခဲ့ကြပါတယ်။ ထို့အပြင် DAWN ရှိ အရာထမ်း/ဝန်ထမ်းများအားလုံးကို ကျေးဇူးတင်ဂုဏ်ပြုသောအားဖြင့် အမှတ်တရ T-Shirt အင်္ကျီ၊ …

DAWN Microfinance ၏ (၉)နှစ်ပြည့် နှစ်ပတ်လည်အထိမ်းအမှတ်ပွဲကျင်းပ Read More »

DAWN Microfinance ၏ Operations Team Workshop-2024 ကျင်းပပြုလုပ်

၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီလ ၁၉ရက်နေ့ မှ ၂၁ရက်နေ့ အထိ Early Dawn Microfinance ၏ CEO, Dy CEO, Dy CFO, Dy CIO နှင့် Senior Management Team မှ သက်ဆိုင်ရာ Department Head များ၊ မြန်မာတစ်နိုင်ငံလုံးရှိ ဌာနခွဲအသီးသီးမှ Region Head များ၊ Branch Head များ၊ Branch Manager များ၊ Supervisor များနှင့်အတူ Operations Team Workshop-2024 ကို ၃ရက် တိုင်တိုင် ကျင်းပပြုလုပ်ခဲ့ပါတယ်။ Workshop ပထမနေ့တွင် CEO နှင့် Dy CEO တို့က နှုတ်ခွန်းဆက် အမှာစကားပြောကြားပြီးနောက် …

DAWN Microfinance ၏ Operations Team Workshop-2024 ကျင်းပပြုလုပ် Read More »

AFIFORUM-Asia Financial Institutions Forum 2024 အခမ်းအနားသို့ တက်ရောက်ခြင်း

Early Dawn Microfinance Company Limited မှ ဒေါ်ခင်သီတာ (Deputy CEO) နှင့် Mr. Ashish Jain (Deputy CFO) တို့သည် ဇန်န၀ါရီလ ၂၃-၂၄ရက်နေ့တွင် ဘန်ကောက်မြို့၊ The Athenee Hotel ၌ ကျင်းပပြုလုပ်သော AFIFORUM-Asia Financial Institutions Forum 2024 ကို တက်ရောက်ခဲ့ကြပါသည်။ ယခုကျင်းပသောဖိုရမ် သည် အာရှဒေသတွင်း အများစုပါဝင်ပြီး ရေရှည်တည်တံ့၍ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုကို ဖြစ်ထွန်းစေရန် အတွက် မဏ္ဍိုင်ပြုလျက် ခိုင်မာအားကောင်းသော ဘဏ္ဍာရေးစနစ်ကိုတည်ဆောက်ရန် ရည်ရွယ်ချက်ဖြင့် ရင်းနှီးမြှုပ်နှံသူများနှင့် ဘဏ္ဍာရေးအဖွဲ့အစည်းများအကြား စုဖွဲ့ကျင်းပခြင်းဖြစ်သည်။ အဆိုပါ ဖိုရမ်တွင် ကျွန်ုပ်တို့၏ Dy CEO သည် “Digitization၊ not a …

AFIFORUM-Asia Financial Institutions Forum 2024 အခမ်းအနားသို့ တက်ရောက်ခြင်း Read More »

Christmas ကိုကြိုဆိုခြင်း အထိမ်းအမှတ်ပွဲကျင်းပပြုလုပ်

Dawn Microfinance မှ Christmas ကိုကြိုဆိုခြင်း အထိမ်းအမှတ်ပွဲကို ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ (၂၂)ရက်နေ့က Dawn Microfinance (ရုံးချုပ်) တွင် ဆင်နွှဲခဲ့ကြပါသည်။ ပျော်ရွှင်ဖွယ်ရာ Christmas အထိမ်းအမှတ်အဖြစ် အမှတ်တရ ကိတ်မုန့်များခွဲခြင်း၊ အမှတ်တရလက်ဆောင်လဲလှယ်သည့်အစီအစဉ်များနှင့် ခရစ္စမတ်အထိမ်းအမှတ်သီချင်းဖြင့် သီဆိုဖျော်ဖြေခြင်းများကိုလည်း ဝန်ထမ်းများအားလုံး အတူတကွ ပျော်ပျော်ရွှင်ရွှင် ပါဝင်ဆင်နွှဲခဲ့ကြပါသည်။ Dawn Microfinance မှ Christmas ကို ကြိုဆိုခြင်း အထိမ်းအမှတ်ပွဲများကို ရုံးချုပ်နှင့် မြန်မာတစ်နိုင်ငံလုံးရှိ ရုံးခွဲများအားလုံးတွင်လည်း တပြေးညီ စီစဉ်ဆောင်ရွက်ပေးခဲ့ကြောင်းကို ပျော်ရွှင်ကြည်နူးစေရန် မျှဝေပေးလိုက်ရပါသည်။

Call Center Service အတွက် နှစ်ဖက်လုပ်ငန်းသဘောတူစာချုပ်ချုပ်ဆိုခြင်းအခမ်းအနား

Dawn Microfinance နှင့် Mascon International Business Services Co., Ltd တို့၏ Call Center Service အတွက် နှစ်ဖက်လုပ်ငန်းသဘောတူညီမှုစာချုပ် ချုပ်ဆိုခြင်း အခမ်းအနားကို နိုဝင်ဘာလ (၂၄)ရက်နေ့က DAWN (ရုံးချုပ်) တည်ရှိရာ The Regency Offices Tower ရှိ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားသို့ Dawn Microfinance မှ Mr. Ravi Tissera (CEO), Daw Khin Thida (Dy. CEO) နှင့် MIBS Co., Ltd မှ Mr. Shuvdeep Bhattacharya (Country Director), Mr. Mathew Joseph …

Call Center Service အတွက် နှစ်ဖက်လုပ်ငန်းသဘောတူစာချုပ်ချုပ်ဆိုခြင်းအခမ်းအနား Read More »

Scroll to Top