DAWN Microfinance ၏ (၉)နှစ်ပြည့် နှစ်ပတ်လည်အထိမ်းအမှတ်ပွဲကျင်းပ

Early Dawn Microfinance ၏ (၉)နှစ်ပြည့် နှစ်ပတ်လည်အထိမ်းအမှတ်ပွဲကို ၂၀၂၄ခုနှစ်၊ မတ်လ (၂၂)ရက်နေ့တွင် ရန်ကုန် (ရုံးချုပ်)၌ ကျင်းပပြုလုပ်ခဲ့ပါတယ်။ အခမ်းအနားတွင် DAWN ၏ CEO, Dy CEO နှင့် Dy CFO တို့က DAWN (၉)နှစ်ပြည့်မြောက်ခြင်းအတွက် ဝမ်းသာဂုဏ်ယူမိပါကြောင်းနှင့် ယနေ့အချိန်အထိ DAWN နဲ့အတူ လက်တွဲပြီး အတူကြိုးစားဖြတ်သန်းပေးခဲ့ကြသူများအားလုံးကို အသိအမှတ်ပြုဂုဏ်ပြုပါကြောင်း၊ လာမည့်နှစ်တွင်လည်း DAWN အနေဖြင့် ယခုထက် ပိုမိုတိုးတက်အောင်မြင်လာစေရေး၊ Clients များကို ပိုမိုဝန်ဆောင်မှုပေးနိုင်ရေးအတွက် အတူတကွ ဆက်လက်ကြိုးစားဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပြီးနောက် (၉)နှစ်ပြည့် အမှတ်တရ အထိမ်းအမှတ်ကိတ်မုန့်ကို အတူတကွ ခွဲခဲ့ကြပါတယ်။ ထို့အပြင် DAWN ရှိ အရာထမ်း/ဝန်ထမ်းများအားလုံးကို ကျေးဇူးတင်ဂုဏ်ပြုသောအားဖြင့် အမှတ်တရ T-Shirt အင်္ကျီ၊ အချိုရည်နှင့် စားသောက်ဖွယ်ရာများကို ကျွေးမွေးခဲ့ပြီး ကံစမ်းမဲဆုချီးမြှင့်ခြင်းနှင့် အမှတ်တရ Group Photo များရိုက်ခြင်းတို့ကိုလည်း အတူတကွ ပါဝင်ခဲ့ကြပါတယ်။ DAWN Microfinance ၏ (၉)နှစ်ပြည့် နှစ်ပတ်လည်အထိမ်းအမှတ်ပွဲကို ယခုတစ်ပတ်အတွင်း မြန်မာတစ်နိုင်ငံလုံးရှိ ရုံးခွဲများအားလုံးတွင် တစ်ညီတစ်ညွတ်တည်း စီစဉ်ဆောင်ရွက် ကျင်းပပြုလုပ်ခဲ့ကြပုံများကိုလည်း မျှဝေလိုက်ရပါတယ်။

Scroll to Top