Early Dawn Microfinance ၏ မြန်မာ့နှစ်သစ်ကူးသင်္ကြန် အကြိုပွဲတော်ကျင်းပပြုလုပ်

၂၀၂၄ခုနှစ်၊ ဧပြီလ (၁၁)ရက်နေ့တွင် Early Dawn Microfinance မှ မြန်မာ့နှစ်သစ်ကူး သင်္ကြန်အကြိုပွဲတော်ကို ရုံးချုပ်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ သင်္ကြန်အကြိုပွဲတော်အဖြစ် ရုံးချုပ်၊ ဌာနအသီးသီးမှ ဝန်ထမ်းများအတူတကွ စုပေါင်းပြီး Game ကစားခြင်း၊ ဆုချီးမြှင့်ခြင်းနှင့် သင်္ကြန်မုန့်လုံးရေပေါ်၊ ရွှေရင်အေးတို့ကိုလည်း ပျော်ရွှင်စွာ စားသောက်ခဲ့ကြပါသည်။ ထို့အပြင် Dawn Microfinance ၏ Chief Executive Officer, ဒေါ်ခင်သီတာ က အမှတ်တရ စကားပြောကြားပေးခဲ့ပြီးနောက် ဝန်ထမ်းများအားလုံးကို ပျော်ရွှင်စရာမြန်မာ့နှစ်သစ်ကူးအချိန်အခါ ဖြစ်ပါစေကြောင်း ဆုမွန်ကောင်းများတောင်းပေးခဲ့ပါသည်။ အလားတူ သင်္ကြန်နှစ်သစ်ကူးအကြိုပွဲတော်များကို မြန်မာတစ်နိုင်ငံလုံးရှိ ဌာနခွဲများ အားလုံးတွင်လည်း အတူတစ်ကွ ဆင်နွှဲနိုင်ကြစေရန်အတွက် စီစဉ်ဆောင်ရွက်ပေးခဲ့ပါသည်။ Dawn Microfinance ၏ ပျော်ရွှင်ဖွယ်ရာ မြန်မာ့နှစ်သစ်ကူးသင်္ကြန်အကြိုပွဲတော် အခိုက်အတန့် ပုံရိပ်များကို မျှဝေရင်း မြန်မာပြည်သူပြည်သားများ နှစ်သစ်အချိန်အခါသမယတွင် စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းတို့နှင့် ပြည့်စုံကြပါစေကြောင်း ဆုမွန်ကောင်းများလည်း တောင်းပေးလိုက်ရပါတယ်။

Scroll to Top