DAWN Microfinance ၏ Operations Team Workshop-2024 ကျင်းပပြုလုပ်

၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီလ ၁၉ရက်နေ့ မှ ၂၁ရက်နေ့ အထိ Early Dawn Microfinance ၏ CEO, Dy CEO, Dy CFO, Dy CIO နှင့် Senior Management Team မှ သက်ဆိုင်ရာ Department Head များ၊ မြန်မာတစ်နိုင်ငံလုံးရှိ ဌာနခွဲအသီးသီးမှ Region Head များ၊ Branch Head များ၊ Branch Manager များ၊ Supervisor များနှင့်အတူ Operations Team Workshop-2024 ကို ၃ရက် တိုင်တိုင် ကျင်းပပြုလုပ်ခဲ့ပါတယ်။

Workshop ပထမနေ့တွင် CEO နှင့် Dy CEO တို့က နှုတ်ခွန်းဆက် အမှာစကားပြောကြားပြီးနောက် Senior Management Team ရှိ သက်ဆိုင်ရာ Department Head များမှ ရှေ့ဆက်မည့် Plan များ၊ Activity များနှင့် လုပ်ငန်းနှင့်ပတ်သက်သည့် အကြောင်းအရာများကို ရှင်းလင်းပြောကြားခဲ့ကြကာ Workshop ပထမနေ့ကို ရုတ်သိမ်းခဲ့ပါတယ်။

ထို့နောက် Workshop ဒုတိယ‌နေ့တွင် Operations Department နှင့် Business Department တို့က Business Development နှင့်ပတ်သက်သည့် အကြောင်းအရာများ၊ Branch Operations နှင့် ပတ်သက်သည့် အကြောင်းအရာများကို ရှင်းလင်းပြောကြား ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသော ရုံးခွဲများမှ တာဝန်ခံများကလည်း မရှင်းလင်းသည်များကို ပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြပါတယ်။ ထို့နောက် ညပိုင်းတွင် DAWN Microfinance တွင် လုပ်သက် (၁၀)နှစ်ပြည့် အရာထမ်း/ဝန်ထမ်းများကို ဂုဏ်ပြုအမှတ်တရလက်ဆောင်များ ချီးမြှင့်ပေးအပ်ခြင်း၊ ဌာနခွဲအသီးသီးမှ Performance Awards ရရှိသည့် ရုံးဌာနခွဲများကို ဂုဏ်ပြုဆုများ ချီးမြှင့်ခြင်းနှင့် February လ မွေးနေ့ရှင်များကိုလဲ Birthday Party အစီအစဉ်များ ပြုလုပ်ပေးခဲ့ပြီးနောက် ကြွရောက်လာကြသူများ အားလုံးကို ညစာဖြင့် ကျွေးမွေးဧည့်ခံကာ ဒုတိယနေ့ အခမ်းအနားကို ရုတ်သိမ်းခဲ့ပါတယ်။

Workshop နောက်ဆုံးနေ့တွင် Finance Department, Internal Audit Department နှင့် Risk Department တို့က Update အကြောင်းအရာများကို မျှဝေပြောကြားပေးခဲ့ပြီး နောက်ဆုံးတွင် Dy CEO မှ ယခု Workshop ကို တက်ရောက်ကြသူများအားလုံးကို ကျေးဇူးတင်နှုတ်ခွန်းဆက် အမှာစကား ပြောကြားကာ အခမ်းအနားကို အောင်မြင်စွာ ရုတ်သိမ်းခဲ့ကြပါတယ်။

Scroll to Top