AFIFORUM-Asia Financial Institutions Forum 2024 အခမ်းအနားသို့ တက်ရောက်ခြင်း

Early Dawn Microfinance Company Limited မှ ဒေါ်ခင်သီတာ (Deputy CEO) နှင့် Mr. Ashish Jain (Deputy CFO) တို့သည် ဇန်န၀ါရီလ ၂၃-၂၄ရက်နေ့တွင် ဘန်ကောက်မြို့၊ The Athenee Hotel ၌ ကျင်းပပြုလုပ်သော AFIFORUM-Asia Financial Institutions Forum 2024 ကို တက်ရောက်ခဲ့ကြပါသည်။ ယခုကျင်းပသောဖိုရမ် သည် အာရှဒေသတွင်း အများစုပါဝင်ပြီး ရေရှည်တည်တံ့၍ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုကို ဖြစ်ထွန်းစေရန် အတွက် မဏ္ဍိုင်ပြုလျက် ခိုင်မာအားကောင်းသော ဘဏ္ဍာရေးစနစ်ကိုတည်ဆောက်ရန် ရည်ရွယ်ချက်ဖြင့် ရင်းနှီးမြှုပ်နှံသူများနှင့် ဘဏ္ဍာရေးအဖွဲ့အစည်းများအကြား စုဖွဲ့ကျင်းပခြင်းဖြစ်သည်။ အဆိုပါ ဖိုရမ်တွင် ကျွန်ုပ်တို့၏ Dy CEO သည် “Digitization၊ not a question of when but now” ခေါင်းစဉ်ဖြင့် ပါဝင်ဆွေးနွေးခဲ့ပြီး DAWN ၏ ဒစ်ဂျစ်တယ် အတွေ့အကြုံများကို မျှဝေခဲ့ပါသည်။

Scroll to Top