Christmas ကိုကြိုဆိုခြင်း အထိမ်းအမှတ်ပွဲကျင်းပပြုလုပ်

Dawn Microfinance မှ Christmas ကိုကြိုဆိုခြင်း အထိမ်းအမှတ်ပွဲကို ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ (၂၂)ရက်နေ့က Dawn Microfinance (ရုံးချုပ်) တွင် ဆင်နွှဲခဲ့ကြပါသည်။ ပျော်ရွှင်ဖွယ်ရာ Christmas အထိမ်းအမှတ်အဖြစ် အမှတ်တရ ကိတ်မုန့်များခွဲခြင်း၊ အမှတ်တရလက်ဆောင်လဲလှယ်သည့်အစီအစဉ်များနှင့် ခရစ္စမတ်အထိမ်းအမှတ်သီချင်းဖြင့် သီဆိုဖျော်ဖြေခြင်းများကိုလည်း ဝန်ထမ်းများအားလုံး အတူတကွ ပျော်ပျော်ရွှင်ရွှင် ပါဝင်ဆင်နွှဲခဲ့ကြပါသည်။

Dawn Microfinance မှ Christmas ကို ကြိုဆိုခြင်း အထိမ်းအမှတ်ပွဲများကို ရုံးချုပ်နှင့် မြန်မာတစ်နိုင်ငံလုံးရှိ ရုံးခွဲများအားလုံးတွင်လည်း တပြေးညီ စီစဉ်ဆောင်ရွက်ပေးခဲ့ကြောင်းကို ပျော်ရွှင်ကြည်နူးစေရန် မျှဝေပေးလိုက်ရပါသည်။

Scroll to Top