Call Center Service အတွက် နှစ်ဖက်လုပ်ငန်းသဘောတူစာချုပ်ချုပ်ဆိုခြင်းအခမ်းအနား

Dawn Microfinance နှင့် Mascon International Business Services Co., Ltd တို့၏ Call Center Service အတွက် နှစ်ဖက်လုပ်ငန်းသဘောတူညီမှုစာချုပ် ချုပ်ဆိုခြင်း အခမ်းအနားကို နိုဝင်ဘာလ (၂၄)ရက်နေ့က DAWN (ရုံးချုပ်) တည်ရှိရာ The Regency Offices Tower ရှိ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားသို့ Dawn Microfinance မှ Mr. Ravi Tissera (CEO), Daw Khin Thida (Dy. CEO) နှင့် MIBS Co., Ltd မှ Mr. Shuvdeep Bhattacharya (Country Director), Mr. Mathew Joseph (Director Strategic Accounts), Mr. Chirantan Choudhuri (Operations Manager) အပါအဝင် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

MIBS ၏ Call Center Service ကိုအသုံးပြုခြင်းအားဖြင့် Dawn Microfinance ၏ Clients Communications လုပ်ငန်းစဉ်များကို ပိုမိုအဆင်ပြေချောမွေ့စွာဆောင်ရွက်နိုင်ရန်၊ Customer Care Service ကို ပိုမိုမြှင့်တင်ရန်နှင့် Complaints Management ကို ပိုမိုထိထိရောက်ရောက်ဆောင်ရွက် နိုင်စေရန် စသည့်ရည်ရွယ်ချက်တို့ဖြင့် ယခုလို နှစ်ဖက်လုပ်ငန်းသဘောတူစာချုပ်ကို လက်မှတ် ရေးထိုးခဲ့ကြခြင်းဖြစ်ပါသည်။

Scroll to Top