အဖွဲ့ဝင်များအနေဖြင့် ကိုရိုနာဗိုင်းရပ်စ်ကို ကိုင်တွယ်ဖြေရှင်းခဲ့ပုံ

ကိုရိုနာဗိုင်းရပ်စ် (COVID-19) ပေါ်ပေါက်လာခြင်းသည် ကမ္ဘာနှင့်အဝှမ်း အရေးပေါ်ကျန်းမာရေး အခြေအနေကို ဖြစ်ပေါ်စေရုံသာမ ကမ္ဘာ့စီးပွားရေးကိုပါ နှောင့်နှေးစေခဲ့ပါသည်။ ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှု၊ ကုန်ထုတ်လုပ်မှုနှင့် အလုပ်ခန့်အပ်မှု အလုံးစုံကို ထိခိုက်စေပြီး ကျွန်ုပ်တို့ အဖွဲ့ဝင်များ၏ စီးပွားရေးလုပ်ငန်းများ အပေါ်တွင်ပါ သက်ရောက်မှုများ ဖြစ်ပေါ်လာစေပါသည်။ ထို့ကြောင့် ဤအကျပ်အတည်းကာလသည် ကျွန်ုပ်တို့အားလုံးကို လိုက်လျောညီထွေနေတတ်စေရန် တွန်းအားပေးခဲ့သည်။ ကျွန်ုပ်တို့၏ အဖွဲ့ဝင်များကို ဖြစ်ပေါ်လာသည့် အခြေအနေအပေါ်မှုတည်၍ လိုက်လျောညီထွေ နေတတ်စေခဲ့ပါသည်။ လွန်ခဲ့သည့် လများအတွင်း ကျွန်ုပ်တို့၏ အဖွဲ့ဝင်များသည် စီးပွားရေး လုပ်ငန်းဆောင်ရွက်သည့်ပုံစံကို ပြောင်းလဲခဲ့ရသည်။
ဦးကောင်းထိုက်ကျော် (အသေးစား စီးပွားရေးလုပ်ငန်းပိုင်ရှင်)
ကျွန်ုပ်တို့၏ တစ်ဦးချင်းချေးယူသည့် အဖွဲ့ဝင်တစ်ဦးဖြစ်သည့် ဦးကောင်းထိုက်ကျော်သည် ဆပ်ပြာနှင့် ဂျဲလ်အမျိုးအစား လက်သန့်ဆေးရည် တစ်မျိုးတည်း အပါအဝင် ကလေးစောင့်ရှောက်ရေး ပစ္စည်းများ ထုတ်လုပ်သည့် ရန်ကုန်အခြေစိုက် အသေးစား စီးပွားရေးလုပ်ငန်းတစ်ခုကို လုပ်ကိုင်ပါသည်။ ကမ္ဘာအနှံ့ဖြစ်ပွားသောရောဂါ ဝင်ရောက်လာချိန်တွင် ခက်ခဲသော အခြေအနေကို လိုက်လျောညီထွေဖြစ်အောင် ပြင်ဆင်ညှိနှိုင်းရန် လက်သန့်ဆေးရည် အမျိုးအစား အမျိုးမျိုး (အရည်နှင့် ဖျန်းနိုင်သော အမျိုးအစားကဲ့သို့) တို့ကို ပိုမို၍ ထုတ်လုပ်ခဲ့ပါသည်။ Covid-19 မတိုင်မီတွင် သူသည် လက်သန့်ဆေးရည် အရွယ်အစားတစ်မျိုးတည်းကိုသာ ထုတ်လုပ်ခဲ့ပြီး ယခုအခါတွင် အရွယ်အစားမျိုးစုံ ရရှိနိုင်ပြီဖြစ်ပါသည်။ သူသည် ဒီဂျစ်တယ်/အွန်လိုင်းမှ ရောင်းချခြင်းဖြင့် သူ၏ ဈေးကွက်ကို တိုးချဲ့ခဲ့သည်။ သူ၏လုပ်ငန်းဆောင်ရွက်မှုများကို ဈေးကွက်နှင့် ဝယ်ယူသူများ၏ ပြောင်းလဲလာသော လိုအပ်ချက် အသစ်များအတိုင်း အဆင်ပြေအောင် လိုက်လျောညီထွေအောင် ပြင်ဆင်ညှိနှိုင်းမှု ပြုလုပ်ခဲ့ပါသည်။
ဒေါ်အမာမြင့် (အသေးစား စားသောက်ဆိုင်ပိုင်ရှင်)
နောက်ထပ် အားကျစရာတစ်ဦးမှာ အသေးစား စားသောက်ဆိုင်ပိုင်ရှင် ဒေါ်အမာမြင့်ဖြစ်သည်။ သူမသည် ဤကျဆင်းနေသည့် အချိန်ကာလတွင် ကြံ့ကြံ့ခံနိုင်ရန် သူမ၏လုပ်ငန်းကို စီမံခန့်ခွဲခြင်းနှင့် လည်ပတ်ခြင်းပုံစံကို မျှဝေခဲ့ပါသည်။ ကမ္ဘာ့ကပ်ရောဂါကြောင့် စားသောက်ဆိုင် ပိတ်ထားလိုက်ရသည်အထိ နေ့စဉ်ရောင်းအားကို ပြင်းထန်စွာ ထိခိုက်လာချိန်တွင် သူမသည် စီးပွားရေးပုံစံ အသစ်တစ်ခုကို ရယူ၍ လူမှုကွန်ရက် (Facebook) မှတစ်ဆင့် နေ့လယ်စာ ထမင်းဘူးများ ပေးပို့ရောင်းချလာခဲ့သည်။ ရလဒ်အနေဖြင့် Covid ကာလအတွင်း ရောင်းအားသည် ယခင်ကထက် ပိုမို မြင့်မားခဲ့သည်။ Covid ကြောင့် အလုပ်လက်မဲ့ဖြစ်ခဲ့သော သူမ၏သားကိုလည်း အလုပ်ပေးနိုင်ခဲ့သည်။ ယခုအခါတွင် သူမသည် နောင်အနာဂတ်ဝင်ငွေကို ပိုမိုကောင်းမွန်စွာ ခန့်မှန်းလာနိုင်ပြီး လစဉ်အကြိုအမှာများအပေါ် မူတည်ကာ အလေအလွင့်များကို လျှော့ချလာနိုင်ပါသည်။
ကျွန်ုပ်တို့၏ အဖွဲ့ဝင်များသည် နာမည်ကျော်ကြားသူများ မဟုတ်သော်လည်း သူတို့နည်းသူတို့ဟန်ဖြင့် အားကျစရာကောင်းပါသည်။ ခက်ခဲသည့် အခြေအနေတစ်ခုအတွင်းမှ အခွင့်အလမ်းများကို ဖန်တီးနိုင်သော သူတို့၏ လိမ္မာပါးနပ်မှုနှင့် အရည်အချင်းသည် အမှန်တကယ် အားကျအတုယူစရာကောင်းပြီး မြန်မာနိုင်ငံ MSME များ၏ ကြံ့ကြံ့ခံနိုင်မှုကို ပြသခဲ့ပါသည်။
Scroll to Top