Covid-19 ကပ်ဘေးကာလအတွင်း FMO မှ အဓိကဘဏ္ဍာရေးနှင့် အကြံပေး ပံ့ပိုးကူညီမှု

Covid-19 ကပ်ရောဂါကာလ နောက်ပိုင်းတွင် Early Dawn Microfinance Company Ltd. (DAWN) သည် ဒတ်ချ်နိုင်ငံ စွန့်ဦးတီထွင်မှုဆိုင်ရာ ဖွံ့ဖြိုးရေးဘဏ်နှင့် DAWN ရှယ်ယာရှင်တစ်ဦးဖြစ်သည့် FMO ထံမှ အကြံပေးလုပ်ငန်းများအတွက် အမေရိကန်ဒေါ်လာ ၇.၅ သန်းနှင့် ညီမျှသည့် ချေးငွေနှင့် သဘောတူညီမှုကို လက်ခံရရှိခဲ့ပါသည်။
ကမ္ဘာနှင့်အဝှမ်းဖြစ်ပွားသော ကပ်ရောဂါကြောင့် အသေးစား ငွေရေးကြေးရေး အဖွဲ့အစည်းများသည် ယေဘုယျအားဖြင့် ဖြစ်ပေါ်လာသည့် ငွေကြေးဖြစ်ပေါ်လွယ်မှု စိုးရိမ်ဖွယ် ပြဿနာများကို ဆက်လက်ရင်ဆိုင်ရပြီး မြန်မာနိုင်ငံတွင် MFI များသည် ဧပြီလတွင် လုပ်ငန်းလည်ပတ်မှုများ ကဏ္ဍအလိုက် ဆိုင်းငံ့မှုကို လိုက်နာပြီး မေလတွင် ချမှတ်ထားသည့် ကန့်သတ်ချက်များကို လိုက်နာကြရကာ MFI အနေဖြင့် လုပ်ငန်းများကို စတင်၍ ဆက်လက်လုပ်ဆောင်နေစဉ် FMO ထံမှ ချေးငွေသည် DAWN ထံသို့ ကြပ်တည်းသည့်ကာလအတွင်း ရောက်ရှိလာခဲ့ပါသည်။ အမျိုးသမီး တစ်နိုင်တစ်ပိုင် စွန့်ဦးတီထွင် လုပ်ငန်းရှင်များနှင့် အသေးစားစီးပွားရေး လုပ်ငန်းပိုင်ရှင်များကို ဝန်ဆောင်မှုပေးရန်နှင့် Covid-19 ၏ သက်ရောက်မှုမှ ပြန်လည်ထူထောင်ရာတွင် အကူအညီပေးရန်အတွက် DAWN သည် ၎င်း၏ တာဝန်ဝတ္တရားများကို ဤငွေကြေး ထောက်ပံ့မှုဖြင့် ဆက်လက်လုပ်ဆောင်နိုင်ပါမည်။
“ကျွန်တော်တို့ရဲ့ အရေးကြီး မိတ်ဖက်အဖွဲ့အစည်းနဲ့ မြန်မာနိုင်ငံက ရင်းနှီးမြှုပ်နှံမှု လက်ခံသူ DAWN ကို ပံ့ပိုးကူညီနိုင်ပြီး နိုင်ငံရဲ့ ငွေကြေးဆိုင်ရာလုပ်ငန်း ပါဝင်ကူညီနိုင်တဲ့အတွက် အလွန်ဝမ်းသာရပါတယ်။ အထူးသဖြင့် အသေးစား ငွေကြေးကဏ္ဍ အပါအဝင် စီးပွားရေးလုပ်ငန်းတိုင်းမှာ ကြီးမားတဲ့ ထိခိုက်မှုတွေဖြစ်စေတဲ့ Covid-19 လက်ရှိအကြပ်အတည်း ကာလအတွင်းမှာပေါ့” ဟု FMO ၏ ငွေကြေးဆိုင်ရာ အဖွဲ့အစည်း အာရှဒေသဌာနအကြီးအကဲ Marnix Monsfort က ပြောကြားခဲ့ပါသည်။
FMO သည် DAWN ၏ ဘဏ္ဍာတိုက် စီမံခန့်ခွဲရေး ဆောင်ရွက်ချက် အားကောင်းလာစေရန် အထောက်အကူဖြစ်စေမည့် တန်ဖိုးရှိသော စဉ်ဆက်မပြတ် အကြံပေး ဝန်ဆောင်မှုလုပ်ငန်းများကိုလည်း ပံ့ပိုးပေးမည်ဖြစ်ပါသည်။
“ဒီလိုအခြေအနေမှာ FMO ရဲ့ အချိန်မီ ဆက်လက် ကူညီပံ့ပိုးမှုအတွက် အလွန်ကျေးဇူးတင်ပါတယ်။ ချေးငွေဟာ ဒီအကျပ်အတည်းမှာ ရှေ့ဆက်သွားဖို့ ယုံကြည်ပေးမှုတွေ ပေးပါတယ်။ ဒီလိုကာလအတွင်းမှ ထပ်ဆောင်း ငွေကြေးထောက်ပံ့မှု ရရှိတာဟာ အထောက်အကူဖြစ်စေပါတယ်။ နည်းပညာအကူအညီ စီမံချက်ကလည်း ရေရှည်မှာ ကျွန်တော်တို့ရဲ့ အဖွဲ့အစည်း စွမ်းဆောင်ရည် တိုးတက်စေမယ့် အရေးကြီးတဲ့ ပါဝင်မှုတစ်ရပ် ဖြစ်ပါတယ်” ဟု DAWN ၏ အမှုဆောင်အရာရှိချုပ် Ravi Tissera က ပြောကြားခဲ့ပါသည်။
DAWN သည် သတ်မှတ်ကာလမေလ ၃၁ရက် ၂၀၂၀ အထိ ချေးငွေရယူသူပေါင်း ၂၆၀,၀၀၀ ကျော်နှင့် ထုတ်ချေးထားသော ချေးငွေပမာဏ ၈၃ ဘီလီယံနီးပါး ရှိသည့် မြန်မာနိုင်ငံရှိ အကြီးမားဆုံးနှင့် အထင်ရှားဆုံး ငွေရေးကြေးရေး အဖွဲ့အစည်းတစ်ခု ဖြစ်ပါသည်။ ယခုအခါ DAWN သည် နိုင်ငံတဝှမ်းရှိ ဒေသပေါင်း ၈ ခုတွင် လုပ်ငန်းဆောင်ရွက်နေသော ရုံးခွဲပေါင်း ၆၈ ခု ရှိနေပြီ ဖြစ်ပါသည်။
Scroll to Top