နေရာတိုင်းမှ ကူညီနိုင်ပါသည်။ အလှူအတန်းမှန်သမျှ ကြီးကျယ်ခမ်းနားရန် မလိုပါ။

COVID-19 လူနာများအတွက် ဆေးဝါးကုသမှုများ၊ ကျန်းမာရေးစောင့်ရှောက်မှုနှင့် နေရာထိုင်ခင်းများ ပံ့ပိုးပေးနေသည့် ရန်ကုန်မြို့ ဝေဘာဂီ အထူးကုဆေးရုံနှင့် တောင်ဥက္ကလာပ အမျိုးသမီးနှင့် ကလေးများဆေးရုံတွင် ငွေကျပ် သိန်း ၁၀၀ တန်ဖိုးရှိသော လိုအပ်သည့် ရောဂါအကာအကွယ်ပေး ပစ္စည်းများကို DAWN ဝန်ထမ်းများက မေလ ၂ရက် ၂၀၂၀ ပြည့်နှစ်တွင် သွားရောက်လှူဒါန်းခဲ့ပါသည်။ တစ်ကိုယ်ရေ အ ကာအကွယ်ပေး ပစ္စည်းများ (အစုံ ၁၀၀ )၊ ဖိနပ်အစွပ်များ (အစုံ ၁၀၀)၊ ခွဲစိတ်ဝတ်စုံများ (အစုံ ၄၀၀)၊ မျက်နှာအကာများ (၃၀၀ ခု) နှင့်လက်အိတ်များ (အစုံ ၅၀) ကဲ့သို့သော အမြောက်အများလိုအပ်လျှက်ရှိသည့် ဆေးကုသမှု တစ်ခါသုံးပစ္စည်းများကို ကူညီပံ့ပိုးပေးခဲ့ပါသည်။
ကိုရိုနာဗိုင်းရပ်စ်ကို ရဲဝံ့စွာ တွန်းလှန်တိုက်ထုတ်သည့် ဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေးလုပ်သားများနှင့် စေတနာ့ဝန်ထမ်းများ စသည့် ရှေ့တန်းမှ လုပ်ကိုင်နေသူများ၏ ဘေးကင်းလုံခြုံစေရေးတွင် အထောက်အကူပေးမည့် ဤသို့သော ပစ္စည်းများကို လှူဒါန်းရန် အခွင့်အရေး ရရှိခြင်းအတွက် ကျွန်ုပ်တို့ DAWN ဝန်ထမ်းများအနေဖြင့် များစွာကျေးဇူးတင်ရှိပါသည်။
Scroll to Top