Asiamoney Best Bank Awards 2020: Myanmar

လန်ဒန်အခြေစိုက် စီးပွားရေးလုပ်ငန်းနှင့် ဘဏ္ဍာရေးဆိုင်ရာ မဂ္ဂဇင်းတစ်ခုဖြစ်သော Asiamoney မှ ချီးမြှင့်သည့် “Best for Microfinance in Myanmar: 2020” ဆုကို DAWN က ၂၀၂၀ခုနှစ် မတ်လ၊ ၃၁ရက်နေ့တွင် လက်ခံရရှိခဲ့ပါသည်။
DAWN ၏ လက်ရှိအကောင်ထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ဒီဂျစ်တယ် နည်းပညာအခြေခံသော ငွေရေးကြေးရေး အဖွဲ့အစည်းအဖြစ်သို့ အသွင်ကူးပြောင်းမှု၊ မြန်မာနိုင်ငံတဝန်းရှိ အမျိုးသမီး တစ်နိုင်တစ်ပိုင် စွန့်ဦးတီထွင်လုပ်ငန်းရှင်များနှင့် အသေးစား စီးပွားရေး လုပ်ငန်းရှင်များအတွက် အရည်အသွေး ပြည့်မီသော ငွေရေးကြေးရေး ဝန်ဆောင်မှုတို့အတွက် DAWN အနေဖြင့် မြန်မာနိုင်ငံ၏ အကောင်းဆုံးသော အသေးစားငွေရေးကြေးရေး အဖွဲ့အစည်းအဖြစ် အသိမှတ်ပြု ဆုချီးမြှင့်ခံရခြင်း ဖြစ်သည်။
ထို့အပြင် အဆိုပါဆုသည် အဖွဲ့ဝင်များကို ဗဟိုပြု၍ ၎င်းတို့၏ ငွေကြေးဆိုင်ရာနှင့် လူမှုဘဝ ရည်မှန်းချက် နှစ်ရပ်စလုံး တိုးတက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိသော တာဝန်ယူမှု၊ တာဝန်ခံမှု အပြည့်အဝရှိသည့် အဖွဲ့အစည်း တစ်ခုအဖြစ် DAWN ကို အသိအမှတ်ပြုခြင်းလည်း ဖြစ်သည်။
ကျွန်ုပ်တို့၏ စိတ်ရောကိုယ်ပါ ဆောင်ရွက်မှုများအတွက် နိုင်ငံတကာအသိအမှတ်ပြု ဆုချီးမြှင့်ခြင်းခံရသည့်အတွက် ကျွန်ုပ်တို့အနေဖြင့် အတိုင်းမသိ ဂုဏ်ယူဝမ်းမြောက်ရပါသည်။ ကျွန်ုပ်တို့၏ ဝန်ထမ်းများ၊ မိတ်ဖက် အဖွဲ့အစည်းများနှင့် ကျွန်ုပ်တို့၏ သစ္စာရှိ အဖွဲ့ဝင်များကိုလည်း အထူးကျေးဇူးတင်ကြောင်း ပြောကြားလိုပါသည်။
Scroll to Top