DAWN အနေဖြင့် COVID-19 ကို တုံ့ပြန်ဆောင်ရွက်ခဲ့သည့်နည်းလမ်း

DAWN သည် ဝန်ထမ်းများနှင့် အဖွဲ့ဝင်များ၏ကျန်းမာရေးကို ဦးစားပေးအနေဖြင့် ထိန်းသိမ်းဆောင်ရွက်နေစဉ်တွင် လျင်မြန်စွာ တိုးတက်လာသော အခြေအနေကြောင့် မူလအတိုင်း ပြန်လည်ဆောင်ရွက်ရန်နှင့် တုံ့ပြန်ဖြေကြားမှုများ ဆောင်ရွက်ပေးရန် လိုအပ်နေပါသည်။

အမှီအခိုကင်းသော အသေးစားငွေရေးကြေးရေး အဖွဲ့အစည်းတစ်ရပ်အနေဖြင့် လုပ်ငန်းဆောင်ရွက်ရာတွင် ၅နှစ်သို့ ဦးတည်လာချိန် ကာလအတွင်းတွင် ကမ္ဘာနှင့်အဝှမ်း အကျပ်အတည်းကာလနှင့် ကြုံတွေ့နေရပါသည်။ DAWN ၏ တရားဝင် နှစ်ပတ်လည်နေ့ မတ်လ ၁၆ရက်နေ့မတိုင်မီ မတ်လ ၁၁ ရက်နေ့တွင် COVID-19 သည် ကမ္ဘာနှင့်အဝှမ်း ဖြစ်ပွားသော ရောဂါဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (WHO) က ကြေညာခဲ့ပါသည်။ ဤကြေညာချက် မထုတ်ပြန်မီ ရက်သတ္တပတ်များအတွင်း DAWN သည် ၎င်း၏၅နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနားကို ရွှေ့ဆိုင်းရန် မရွှေ့ဆိုင်းရန်ကို ဆုံးဖြတ်ခဲ့ရပါသည်။ နောက်ဆုံးတွင် DAWN သည် မှားသည်ဖြစ်စေ ဘေးကင်းစေရန်အတွက် ထိုအခမ်းအနားကို ရွှေ့ဆိုင်းရန် ဆုံးဖြတ်လိုက်ပါသည်။ ထိုအချိန်၌ မြန်မာနိုင်ငံသည် COVID-19 အတည်ပြုလူနာများ မရှိသေးသော်လည်း မကြာခင်တွင် ပြောင်းလဲလာပါသည်။ မတ်လ ၂၃ရက်နေ့တွင် ပထမဆုံး အတည်ပြုလူနာ ၂ဦးကို ထုတ်ပြန်ခဲ့ပြီး ယခုအခါ ဧပြီလ ၁၉ရက်နေ့တွင် ၁၁၁ဦး ရှိနေပြီ ဖြစ်ပါသည်။ အခြေအနေသည် မြင့်တက်လျက်ရှိသဖြင့် မြန်မာနိုင်ငံအစိုးရသည် စီးပွားရေး ထိခိုက်မှုသက်သာရေး ဆောင်ရွက်ချက်များစွာကို ကြေညာခဲ့ပြီး COVID-19 ပျံ့နှံ့မှုကို ထိန်းချုပ်ကာကွယ်ရန် ဆက်လက်လုပ်ဆောင်လျက် ရှိနေပါသည်။ ကျန်းမာရေးစောင့်ရှောက်မှု စွမ်းဆောင်ရည်နှင့် လူမှုဘဝ ပံ့ပိုးမှုများ နည်းပါးသည့် နိုင်ငံတစ်နိုင်ငံတွင် အဓိက ကုန်သွယ်ရေး မိတ်ဖက်နိုင်ငံများဖြစ်သည့် တရုတ်၊ ဂျပန်၊ ထိုင်းနှင့် စင်္ကာပူ ကဲ့သို့သောနိုင်ငံများတွင် ရောဂါ၏ အစောပိုင်းဗဟိုချက် ရှိခြင်း၏ ရိုက်ခတ်မှုအကျိုးဆက်ကြောင့် စီးပွားရေးသည် အထိနာခဲ့ပြီ ဖြစ်ပါသည်။ အဆိုပါ ဆောင်ရွက်ချက်များသည် ပိုမို၍ အရေးကြီးပါသည်။
DAWN မှ ပိုးသန့်ဆေးနှင့်အကာအကွယ်အထောက်အပံ့များကို ဌာနခွဲများသို့ပို့ဆောင်နေမှုများ
တပြိုင်တည်းတွင် DAWN သည် ကမ္ဘာအနှံ့အပြားရှိ အကောင်းဆုံး လက်တွေ့ကျင့်သုံးမှုများမှ အချက်များကို ရယူကာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ လမ်းညွှန်ချက်များ၏ ကူညီပံ့ပိုးမှုဖြင့် ၎င်း၏ကိုယ်ပိုင် ထပ်ဆောင်း ကြိုတင်ကာကွယ်မှုများကို လိုက်နာဆောင်ရွက်ခဲ့ပါသည်။ DAWN သည် အဖွဲ့အစည်းတလျားတွင် စီးပွားရေးလုပ်ငန်း မပြတ်လည်ပတ်နိုင်ရေး အစီအစဉ်ကို ထုတ်ဖော်ရန် အကြီးတန်စီမံခန့်ခွဲရေး အဖွဲ့အတွင်း COVID-19 တုံ့ပြန်ဆောင်ရွက်ရေး အဖွဲ့ကို လျင်မြန်စွာ ဖွဲ့စည်းဆောင်ရွက်ခဲ့ပြီး စည်းရုံးဆော်ဩခဲ့ပါသည်။ ကနဦးအဆင့်များတွင် အထူးသဖြင့် COVID-19 အပေါ် ဝန်ထမ်းများနှင့် အဖွဲ့ဝင်များအကြား ပြည်သူ့ကျန်းမာရေး အကြံပြုချက်များအား လိုက်နာခြင်း၏ အရေးပါမှုကို သတိပြုမှု မြင့်တက်စေရန် ဆက်သွယ်ရေးနှင့် ပညာပေးရေးတို့ကို အဓိက အလေးထားခဲ့ပါသည်။ နှာခေါင်းစည်း၊ လက်ဆေးဆပ်ပြာနှင့် လက်သန့်ဆေးရည် အများအပြားကို ထောက်ပံ့ခြင်းနှင့်အတူ သတင်းအချက်အလက်များ ပါဝင်သည့် ပိုစတာများကို ဝန်ထမ်းများအားလုံးထံ ဖြန့်ဝေပေးခဲ့ပါသည်။ ရုံးချုပ်မှ ရုံးခွဲများအထိ ရုံးများအားလုံးကို ပုံမှန်သန့်ရှင်းရေး လုပ်ဆောင်ခဲ့ပြီး အဆောက်အအုံများသို့ ဝင်ရောက်လာသူတိုင်းအတွက် အပူချိန် စစ်ဆေးမှု အဆင်ပြေစေရန် အနီအောက်ရောင်ခြည်သုံး အပူချိန်တိုင်း ကိရိယာများကို မှာယူခဲ့ပါသည်။ DAWN သည် အဖွဲ့ဝင်များ၏ တုံ့ပြန်အကြံပြုချက်ကို တုံ့ပြန်ဆောင်ရွက်ခြင်းနှင့် ချေးငွေရယူထားသူများအတွက် ငွေပေးချေမှု သက်သာခွင့်ပေးခြင်း အပါအဝင် အသေးစားငွေရေးကြေးရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီ၏ ညွှန်ကြားချက် ၂/၂၀၂၀ နှင့်အညီ ယာယီလုပ်ငန်းလည်ပတ်မှု အပြောင်းအလဲများကိုလည်း လျင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါသည်။ DAWN သည် လူတစ်ဦးနှင့်တစ်ဦး ထိတွေ့မှုမရှိခြင်း၏ အရေးပါမှုကို အလေးထား၍ ဝန်ထမ်းများ အားလုံးအတွက် အလုပ်ကိစ္စဖြင့်ခရီးသွားလာခြင်းကို ရပ်ဆိုင်းခြင်းမှသည် အဝေးမှ အလုပ်လုပ်ကိုင်ခြင်းကိုမိတ်ဆက်ပေးခြင်းတို့ဖြင့် အကျိုးသက်ရောက်မှုရှိသည့် ဆောင်ရွက်ချက်များစွာကို အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါသည်။
DAWN ကွင်းဆင်းဝန်ထမ်းများ အိမ်မှအလုပ်လုပ်ကြပုံများ
လူအများနှင့် အနီးကပ် ထိတွေ့ဆက်ဆံရသည့် အသေးစား ငွေရေးကြေးရေး အဖွဲ့အစည်းတစ်ခုအနေဖြင့် နေအိမ်မှ အလုပ်လုပ်ခြင်းသည် ရုံးခွဲများ အခြေစိုက်ပြီး ချေးငွေရယူသူများနှင့် တစ်နေ့တာ ကွင်းဆင်းဆောင်ရွက်ရသော DAWN ၏ အဖွဲ့ဝင်များစွာအတွက် အတွေ့အကြုံအသစ်တစ်ခု ဖြစ်ပါသည်။ သို့သော်လည်း ဝန်ထမ်းများက ပြင်ဆင်ညှိနှိုင်းမှုကို လက်ခံကာ အဖွဲ့ဝင်များနှင့် ဖုန်းဖြင့် အနီးကပ်ချိတ်ဆက်မှု လုပ်ကိုင်မှုများ ဆောင်ရွက်လျက် ရှိပါသေးသည်။ ပြည်ရုံးခွဲမှ Group Lending ချေးငွေအရာရှိဖြစ်သူ မမဉ္ဇူခိုင်သည် သူမ၏အဖွဲ့ဝင်များဖြင့် နေ့စဉ် ဆက်သွယ်နေပါသည်။ သူမသည် အဖွဲ့ဝင်များ၏ မိသားစုကျန်းမာရေးကို မေးမြန်း၍ စီးပွားအရေးအခြေအနေနှင့် ဒေသတွင်း အာဏာပိုင်များထံမှ သတင်းများအကြောင်းကို ပြောဆိုပါသည်။ WHO နှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ကဲ့သို့သော ယုံကြည်စိတ်ချရသည့် ရင်းမြစ်များမှ နောက်ဆုံးရ COVID-19 သတင်းအချက်အလက်များ အကြောင်းကိုလည်း သူမက မျှဝေပေးပြီး တတ်နိုင်သမျှ လူထူထပ်သော နေရာများကို ရှောင်ရှားရန်၊ တစ်ဦးနှင့်တစ်ဦး ထိတွေ့ဆက်ဆံမှု မပြုခြင်းကို ကျင့်သုံးရန်နှင့် လက်ကို မကြာခဏ ဆေးကြောရန် အကြံပြုပေးပါသည်။ အဖွဲ့ဝင်များထံ သွားရောက်ခြင်း မပြုလုပ်သည်မှလွဲ၍ Zoom ဗီဒီယိုဆွေးနွေးမှုများ၊ Skype နှင့် ဖုန်းခေါ်ဆိုမှုများ၊ အီးမေးလ်များ၊ SMS, Viber နှင့် WhatsApp မှတစ်ဆင့် စာတိုများ ပေးပို့ခြင်းဖြင့် ဝန်ထမ်းများ အချင်းချင်း ဆက်သွယ်လျက်ရှိပြီး COVID-19 နှင့် သက်ဆိုင်သည့် အကြောင်းအရာများ ဆွေးနွေးရန် Facebook close Group ဖွဲ့၍ပင်လျှင် ဆက်လက်၍ ဆက်သွယ်နေပါသည်။ အဝေးမှအလုပ်လုပ်ခြင်းအတွက် သင်တန်းပို့ချချက်ကိုလည်း လိုက်လျောညီထွေဖြစ်အောင် ပြင်ဆင်ဆောင်ရွက်ခဲ့ပြီး ယခုအခါ အွန်လိုင်းတွင် လုပ်ကိုင်ဆောင်ရွက်နေပါသည်။ ဤသို့သော မကြုံဖူးသည့် အချိန်ကာလများနှင့် ထူးခြားသော လုပ်ငန်းခွင် အခြေအနေများတွင် ပုံမှန်အခြေအနေကို ထိန်းထားနိုင်ရန် DAWN အနေဖြင့် လုပ်ဆောင်နိုင်သည်များကို လုပ်ဆောင်လျက်ရှိပါသည်။
ပြီးခဲ့သည့် ရက်သတ္တပတ်များစွာတွင် လူမှုရေးရာ ချိတ်ဆက်မှုများကို ထိန်းထားလျက် တစ်ဦးနှင့်တစ်ဦး ထိတွေ့ဆက်ဆံခြင်း သတ်မှတ်ချက်ဆိုင်ရာ လိုအပ်ချက်များကို လူအများအား သတိပြုစောင့်ကြည့်စေကာ နည်းပညာ၏ အရေးကြီးသည့် အခန်းကဏ္ဍကို လက်တွေ့ပြသခဲ့ပါသည်။ DAWN ကဲ့သို့သော လူအများနှင့် အနီးကပ် ထိတွေ့ဆက်ဆံရသည့် လုပ်ငန်းအတွက် ဤကပ်ရောဂါကြောင့် ဖြစ်ပေါ်လာသော လက်ရှိလက်တွေ့ဘဝသည် ဆောင်ရွက်ဆဲ ဒီဂျစ်တယ် အသွင်ကူးပြောင်းရေး၏ အရေးပါမှုကို အားဖြည့်ပေးခဲ့ပါသည်။ အဖွဲ့ဝင်နှင့် မျက်နှာချင်းဆိုင် တုံ့ပြန်ဆောင်ရွက်ခြင်းသည် DAWN လုပ်ငန်းဆောင်ရွက်ခြင်း၏ အဓိကရှုထောင့် ဖြစ်နေဆဲ ဖြစ်ပါသည်။ ကြိုးပမ်းအားထုတ်မှုများကို ဖွံ့ဖြိုးလာအောင် အရှိန်မြှင့်တင်ပြီး နောင်တွင် အဖွဲ့ဝင်များအတွက် ဒီဂျစ်တယ် လုပ်ငန်းဆောင်ရွက်မှု လမ်းကြောင်းများကိုလည်း ပိုမို၍ ပေးစွမ်းသွားမည်ဖြစ်ပါသည်။ ယခုအခါတွင် COVID-19 ပြီးနောက် အခြေအနေများ မည်သို့ အခြေကျသွားမည်ကို မြင်တွေ့ရန် ကျန်ရှိနေစဉ်တွင် DAWN အနေဖြင့် ဝန်ထမ်းများနှင့် အဖွဲ့ဝင်များ၏ ကျန်းမာရေးကို ဆက်လက်၍ ဦးစားပေးဆောင်ရွက်သွားမည်ဖြစ်ပြီး မူလအတိုင်း ပြန်လည်ဆောင်ရွက်ရန်နှင့် တုံပြန်ဖြေကြားမှုများ ဆောင်ရွက်ပေးရန် လိုအပ်ချက်များသည် တစ်စုံတစ်ခုသော အတိုင်းအတာအထိသာ ဖွင့်လှစ်ပေးပြီး ဆက်လက်ရှိနေဦးမည် ဖြစ်ပါသည်။
Scroll to Top