ဤမကြုံဖူးသော အခြေအနေတွင် DAWN အနေဖြင့် အဖွဲ့ဝင်များ၏ လူမှုစီးပွားအဝဝ ကို ကာကွယ်ဖြေရှင်းခဲ့ပုံ
COVID-19 ရောဂါ သိသာစွာ ပျံ့နှံ့မှုသည် ကမ္ဘာအနှံ့ရှိ အများပြည်သူလူထု၏ လူမှုဘဝများ၊ အသက်မွေးလုပ်ငန်းများနှင့် စီးပွားရေး လုပ်ငန်းများကို ထိခိုက်စေခဲ့ပါသည်။ ဤအခြေအနေကို တန်ပြန်တုံံ့ပြန်သည့်အနေဖြင့် DAWN သည် ၎င်း၏ စီးပွားရေးလုပ်ငန်း သက်ရောက်မှုအပေါ် နည်းနိုင်သမျှ နည်းပါးစေရန်သာမက အဖွဲ့ဝင်များ၏ စီးပွားရေး လုပ်ငန်းများအပေါ် ထိခိုက်ပျက်စီးမှု နည်းပါးစေရန် အတွက် အကြီးတန်းစီမံခန့်ခွဲရေး အဖွဲ့အနေဖြင့် COVID-19 တုံ့ပြန်ဆောင်ရွက်ရေး အဖွဲ့ကို လျင်မြန်စွာ ဖွဲ့စည်းဆောင်ရွက်ခဲ့ပြီး အရေးပေါ်စီးပွားရေးအစီအစဉ်ကို အကောင်အထည်ဖော်လုပ်ဆောင်ခဲ့ပါသည်။ အောက်ပါတို့သည် ကျွန်ုပ်တို့က အဖွဲ့ဝင်များကို ကူညီပံ့ပိုးပေးနေသည့် နည်းလမ်းလေးရပ် ဖြစ်ပါသည်။ ၁။ အာဏာပိုင်များက ချမှတ်ထားသော ကန့်သတ်ချက်များကို လိုက်လျောညီထွေဖြစ်အောင် ဆောင်ရွက်စဉ် ချေးငွေ ထုတ်ပေးမှုများနှင့် ပေးသွင်းမှုများ အဆင်ပြေချောမွေ့စေရန် လက်ရှိလုပ်ငန်းဆောင်ရွက်မှု အဆင့်ဆင့်ကို ပြုပြင်ခြင်း DAWN …