DAWN (၇) နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနား

(၇)နှစ်တာကာလ အတွင်း သက်ဆိုင်ရာလူပုဂ္ဂိုလ်များ၊အဖွဲ့အစည်းများအား ကောင်းမွန်သော ဝန်ဆောင်မှုများ ပေးအပ်နိုင်ခဲ့သည့် အထိမ်းအမှတ် အဖြစ် နှစ်ပတ်လည် အခမ်းအနား ကျင်းပခြင်း။

၅၊ ဧပြီလ၊ ၂၀၂၂ ခုနှစ် – (၂၀၀၂) ခုနှစ်တွင် Save the Children International ၏ အသက်မွေးဝမ်းကျောင်း အစီအစဉ်တစ်ခုအဖြစ် စတင်မွေးဖွားခဲ့သော Early Dawn Microfinance Company Limited ကို လွန်ခဲ့သော(၇)နှစ် က Accion, Triodos နှင့် FMO တို့မှ မြန်မာနိုင်ငံ၏ ရှေ့ပြေး အသေးစားငွေရေးကြေးရေး အဖွဲ့အစည်းတစ်ခု ဖြစ်ပေါ်လာစေရန် ရည်ရွယ်ချက်ဖြင့် ပူးပေါင်းရင်းနှီးမြှုပ်နှံခဲ့ပါသည်။ ယခုအခါ ကျွန်ုပ်တို့ DAWN Microfinance သည် မြန်မာနိူင်ငံ အနှံ့အပြားတွင် ဌာနခွဲပေါင်း (၆၈)ခု ကိုဖွင့်လှစ်ထားရှိ၍ မိမိတို့တန်ဖိုးထားရသော အဖွဲ့ဝင်များ နှင့် ၎င်းတို့၏ လူမှု့စီးပွားဘ၀ အောင်မြင်မှုများ ရရှိစေရေးအတွက် အကောင်းဆုံးသော ငွေကြေးဆိုင်ရာဝန်ဆောင်မှုများကို ထောက်ပံ့ပေးအပ်လျက်ရှိပါသည်။ ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါဘေးနှင့် နိုင်ငံရေးမတည်ငြိမ်မှုများ စသော မရေတွက်နိုင်သည့် အခက်အခဲများစွာ ရင်ဆိုင်ကြုံတွေ့ခဲ့ရသော်လည်း DAWN အနေဖြင့် (၂၀၂၂) ခုနှစ်၊ မတ်လ တွင် ကုမ္ပဏီ ၏ (၇)နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနားကို ဂုဏ်ယူစွာကျင်းပနိုင်ခဲ့ပါသည်။

 

စတင်တည်ထောင်ခဲ့ချိန်မှစ၍ DAWN အနေဖြင့် တိုးတက်ပြောင်းလဲမှုများစွာ ရှိခဲ့သော်လည်း၊ ယခုကာလတိုင်အောင် ကျွန်ုပ်တို့၏ တန်ဖိုးထားရသောခံယူချက်များမှာ ပြောင်းလဲခြင်းမရှိခဲ့ပါ။ ကျွန်ုပ်တို့၏ အခြေခံစံတန်ဖိုးထားမှုများဖြစ်သောလေးစားမှု၊ထူးချွန်ထက်မြက်မှု၊ ဆန်းသစ်တီထွင်မှု နှင့်လူမှုဘဝပြောင်းလဲရန်အတွက်စိတ်အားထက်သန်မှုစသည့်တန်ဖိုးထားမှုများကို ယနေ့ကာလထိ တိုင်အောင် ပြောင်းလဲခြင်းမရှိပါ။ ထို့အပြင်အဖွဲ့ဝင်များ၏အကျိုးစီးပွားကိုအစဉ်တစိုက် ဖြည့်ဆည်း ပေးနိုင်ရန်အတွက် အဖွဲ့ဝင်အကာအကွယ်ပေးရေး ဥပဒေသများကို လေးစားလိုက်နာမှု ရှိပြီး၊ အဖွဲ့ဝင်ဗဟိုပြုနည်းစနစ်ကိုကျင့်သုံးလျက်ရှိပါသည်။ ဖြတ်သန်းခဲ့သောနှစ်ကာလများ တလျှောက် ကျွန်ုပ်တို့၏ တီထွင်ဆန်းသစ်နိုင်မှုစွမ်းအားနှင့် ဖြစ်ပေါ်လာသည့် အခြေအနေများ အပေါ်မှုတည်၍ လိုက်လျောညီထွေမှုရှိစွာနေထိုင်နိုင်ခြင်းတို့သည်ရင်ဆိုင်ကြုံတွေ့နေရသော စိန်ခေါ်မှုအခက်အခဲ များကို အခွင့်အလမ်းအသစ်အဖြစ် အသုံးချနိုင်ပြီး၊ DAWN ကို လေးနက်သော အဓိပ္ပါယ်ရှိသည့် အမှတ်တံဆိပ်ဖြစ်အောင် ကြိုးစားဆောင်ရွက်လျက်ရှိပါသည်။

ကုမ္ပဏီ(၇)နှစ်ပြည့် နှစ်ပတ်လည်အခါသမယမှတ်တိုင်သည် ကျွန်ုပ်တို့၏ တန်ဖိုးထားမှုများ၊ အောင်မြင်မှုများ၊အမှတ်တရများနှင့့််အဓိပ္ပာယ်ရှိသော အခိုက်အတန့်များကို ပြန်လည်ဖော်ပြရန် အချိန်အခါကောင်းတစ်ခုဖြစ်ပါသည်။ DAWN နှင့်အတူ (၇)နှစ်တာ ကာလတလျှောက်လုံး လက်တွဲပူးပေါင်းဆောင်ရွက်ခဲ့ဲကြသော ကျွန်ုပ်တို့၏ အဖွဲ့ဝင်များ၊ ရှယ်ယာရှင်များ၊ ဝန်ထမ်းများနှင့် မိတ်ဖက်အဖွဲ့အစည်းများ အားလုံးကို အထူးကျေးဇူးတင်ရှိပါကြောင်း ဖော်ပြလိုပါသည်။ ကျွန်ုပ်တို့ အနေဖြင့်လည်း အသစ်သစ်သောဆန်းသစ်တီထွင်မှု၊ စိတ်အားထက်သန်မှု၊ ကတိကဝတ် တည်ကြည်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုများကို အင်အားတစ်ရပ်အဖြစ်အသုံးချကာ၊ ကောင်းမွန် သော ငွေကြေးဝန်ဆောင်မှုများ ပေးအပ်ပြီး၊ လူမှုပတ်ဝန်းကျင်နှင့် အကျိုးသက်ဆိုင် သူများ အားလုံး၏အပေါ် ရေရှည်အကျိုးဖြစ်ထွန်းစေနိုင်ရန်ရည်ရွယ်ကာ DAWNကို ဆက်လက် တည်ဆောက် သွားမည် ဖြစ်ပါကြောင်း ဖော်ပြအပ်ပါသည်။

 

Scroll to Top